November 8, 2024

စစ်အာဏာသိမ်း (၁၃၇၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၃၈) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၉ AAPP ရဲ့ နိုဝင်ဘာ ၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၇၇) ရက်အတွင်း ပြည်သူ (၅၉၃၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၅၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဝါဒဖြန့်ဘာသာရပ်တွေကို ကျောင်းတွေမှာသင်ကြားဖို့ စစ်ကောင်စီပြင်ဆင်

မော်လမြိုင် ၊ နိုဝင်ဘာ ၉ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဝါဒဖြန့်ဘာသာရပ်တချို့ကို အခြေခံ ပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်နေတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့BACS က နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ စစ်မှုထမ်းဥပဒေတွေ၊ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေအ ပြင် အာဏာရှင်ဆန့်ကျင်တဲ့ အင်အားစုတွေကို ပုံဖျက်ရေးဆွဲထားတဲ့ အကြမ်းဖက်ဥပဒေစတဲ့ ဝါဒ…

စစ်မှုထမ်းပျက်ကွက်သူတွေကို အရေးယူဖို့ စစ်ကောင်စီညွှန်ကြား

နေပြည်တော် ၊ နိုဝင်ဘာ ၉ စစ်အင်အားလိုအပ်ချက်အရ တပ်သားသစ်စုဆောင်းတာနဲ့ပတ်သက်ပြီး အကြောင်းမဲ့ပျက်ကွက်သူတွေကို ဥပဒေနဲ့အညီအရေးယူဖို့ စစ်ကောင်စီရဲ့ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသွားခဲ့တာပါ။ နေပြည်တောင်ကောင်စီအပါအဝင် တိုင်းနဲ့ ပြည်နယ်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေအ…

မုဒုံသစ်ပါးလွှာစက်ရုံက စက်ရုံမှူးအပါအဝင်သုံးဦးကို မွန်ပြည်သစ် AD ဖမ်းဆီး

မုဒုံ၊ နိုဝင်ဘာ ၉ မွန်ပြည်နယ် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံက မန်နေဂျာအပါအဝင် ဝန်ထမ်းသုံးဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ခွဲထွက်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က အင်အား ၂၀ ကျော်ပါတဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD တပ်ဖွဲ့ဝင်တွေဟာ…

လောင်းလုံးနဲ့ ရေဖြူမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

လောင်းလုံး၊ နိုဝင်ဘာ ၉ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးနဲ့ ရေဖြူမြို့နယ်တို့မှာ စစ်ကောင်စီတပ်က အင်အားအ များအပြားနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကြောင်းတစ်ကြောင်းမှာ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၅ ရက်နေ့ကတည်းက လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းနဲ့ ကျောက်နီမော်တပ်စခန်းတွေမှာ ရောက်ရှိနေပြီး အဲဒီကနေတဆင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါ။ ဒေသခံတွေရဲ့…

ထရန့်ရဲ့ အမေရိကန် ပထမ မူဝါဒကြောင့် အာရှကုန်သွယ်ရေး ထိခိုက်နိုင်တယ်လို့ လေ့လာသူတွေ ပြော

စင်ကာပူ၊ နိုဝင်ဘာ ၈ နိုဝင်ဘာ ၆ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ် ထရန့် အနိုင်ရရှိမှုကြောင့် ကမ္ဘာ့ စူပါအင်အားကြီး နိုင်ငံရဲ့ နယ်နိမိတ်တွေထက် ကျော်လွန်ပြီး ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ မလေးရှားနဲ့ ဗီယက်နမ်တို့လို အမေရိကန်နဲ့ ကုန်သွယ်ရေး လိုအပ်ချက် ကြီးမားမှုရှိနေတဲ့ နိုင်ငံအများစုရှိရာ အာရှတိုက်အနေနဲ့ ထရန့်ရဲ့ ပထမ…

ဒေါ်နယ်ထရန့်နဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပူတင် ပြော

ဆိုချီ၊ နိုဝင်ဘာ ၈ အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဂုဏ်ပြုခဲ့ပြီး သူနဲ့ ဆွေးနွေးဖို့ မော်စကို အနေနဲ့ အသင့်ရှိတယ်လို့ နိုဝင်ဘာ ၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ သူ့ကို သေနတ်သမား တစ်ဦးက လုပ်ကြံဖို့ ကြိုးပမ်းချိန်မှာ သတ္တိရှိရှိ တုံ့ပြန်ခဲ့တဲ့ အတွက်လည်း သမ္မတ…

ထိုင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့နဲ့ စစ်ခေါင်းဆောင် တွေ့ဆုံ

ကူမင်း၊ နိုဝင်ဘာ ၈ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပတဲ့ ဒေသဆိုင်ရာ ညီလာခံပြင်ပမှာ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်တို့နဲ့ နိုဝင်ဘာ ၆ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မိမိတို့ နှစ်ဦး သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မျှော်လင့်ထားတာ တစ်ခုမှ မရှိခဲ့ဘူးလို့…

မော်လမြိုင်က ဆီဆိုင် မီးလောင်ပေါက်ကွဲမှု လူ တစ်ဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

မော်လမြိုင်၊ နိုဝင်ဘာ ၈ မွန်ပြည်နယ် မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာရှိ မင်းသန့်စက်သုံးဆီဆိုင် မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်အတွင်း လူ တစ်ဦး သေဆုံးပြီး လူ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီမီးလောင်မှုဟာ စက်သုံးဆီဆိုင်အနောက်ဘက်ရှိ ဆီသိုလှောင်ကန်အတွင်းသို့ ဆီဘောက်ဆာယာဉ်မှ ဆီချနေစဉ် မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးငြှိမ်းသတ်နေစဉ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တဲ့အတွက်…