October 2024

ဘုတလင်မှာ အရပ်သားတွေ ခုတ်ထစ်သတ်ဖြတ်ခံရတာ PDF အချင်းချင်း သတ်တာလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အ ရပ်သားပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်မှုဟာ PDF အချင်းချင်း သတ်ဖြတ်တာ”ဆိုပြီး စစ်ကောင်စီလော်ဘီတွေ လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ။

“စကစက နယ်မြေထိန်းချုပ်ရေးအတွက် စစ်ဆင်ရေးတွေ လုပ်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ပဲပေါ့။ တိုက်ခိုက်ဖျက်ဆီးဖို့ ပြင်ဆင်ထားတာတွေရှိပါတယ်” – MSRF ပြောခွင့်ရ နိုင်နဂါး အာဏာသိမ်းပြီးတဲ့နောက် မွန်ပြည်နယ်တောင်ပိုင်းတခွင်မှာ မွန်ပြည်တော်လှန်ရေးတပ် အပါအဝင် မွန်တပ်တွေဟာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်နေကြဆဲဖြစ်ပါတယ်။ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးလို အရေးပါတဲ့ဆက်သွယ်ရေး လမ်းပိုင်းတွေကို လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပေမယ့် စစ်ကောင်စီက ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်လာတာတွေလည်း ရှိနေပြန်ပါတယ်။…

စစ်အာဏာသိမ်း (၁၃၆၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၈၇၁) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၃ AAPP ရဲ့ အောက်တိုဘာ ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာ ဏာသိမ်းမှုကာလ (၁၃၆၀) ရက်အတွင်း ပြည်သူ (၅၈၇၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၆၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၄၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ရသမျှနည်းလမ်းတွေသုံးပြီး စစ်ကောင်စီ စစ်မှုထမ်းစုဆောင်းလာ

မော်လမြိုင် ၊ အောက်တိုဘာ ၂၃ ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို ရသမျှနည်းလမ်းတွေသုံးပြီး စုဆောင်းလာတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်း အပတ်စဉ် ၃၊…

မွန်ပြည်နယ်မှာ ဟင်းသီးဟင်းရွက်ရှားပါးပြီး ဈေးနှုန်းထိုးတက်လာ

မော်လမြိုင် ၊ အောက်တိုဘာ ၂၃ မွန်ပြည်နယ်မှာ ဒေသတွင်း ထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေအပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေက ဟင်းသီးဟင်းရွက်ဝင်ရောက်မှု နည်းပါးလာပြီးနောက် ဈေးနှုန်းအဆမတန် မြင့်တက်လာတယ်လို့ ကုန်စိမ်းရောင်းချသူတွေနဲ့ အိမ်ရှင်မတွေက ပြောပါတယ်။ ဟင်းသီးဟင်းရွက်တွေဟာ ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးရတာ၊ သွင်းအားစု ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြန်မစိုက်နိုင်တော့တာ၊ သယ်ယူပို့ဆောင်ရေးစရိတ် ဈေးနှုန်းအဆမတန် မြင့်တက်တဲ့အတွက် ဈေးနှုန်းဆက်တိုက် ထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။…

ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၀၀ ကျော် အရေပြားရောဂါ ဖြစ်ပွားနေ

ဒိုက်ဦး၊ အောက်တိုဘာ ၂၃ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ မလုံလောက်တာကြောင့် နိုင်ငံရေးအကျဉ်းသူတွေမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ နိုင် ငံရေးအကျဉ်းသူများအဖွဲ့ WOPP ထံက သိရပါတယ်။ ဒိုက်ဦးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမအပတ်ကစပြီး ရေကန်သုံးကန်ရှိတဲ့အ ထဲမှ နှစ်ကန်ဟာ ရေလုံးဝမရှိတော့ဘဲ လက်ရှိအသုံးပြုနေတဲ့ ရေကန်မှာလည်း သန့်ရှင်းမှုမရှိဘဲ ကြေးနီအရောင်ရှိတဲ့…

လောင်းလုံးမှာ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

လောင်းလုံး၊ အောက်တိုဘာ ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့ နယ် ညှင်းမော်ကျေးရွာ ဘောလုံးကွင်းအနီးတောစပ်မှာ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးသတ်ဖြတ်သွားတဲ့ လူငယ်နှစ်ဦးရဲ့ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်အောက်ပိုင်းက ညှင်းမော်၊ ဂေါ့အင်းနဲ့ အောက်ရေဖြူကျေးရွာအုပ်စုတွေထဲ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။ အဲဒီစစ်ကြောင်းဟာ…

မင်းတုန်းမြို့နယ်မှာ သန်းခေါင်စာရင်းလုံခြုံရေး စစ်ကြောင်း တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

မကွေး အောက်တိုဘာ ၂၂ မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှုမှာ တပ်ဖွဲ့ဝင် ၈ ဦး ထက်မနည်း သေဆုံးတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၂၁ ရက်မှာ အင်အား ၂၅ ဦးပါ ခြေလျင်စစ်ကြောင်းကို သရက်-မင်းတုန်းလမ်းပိုင်းပေါ်က သဖန်းကိုင်းကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာပါ။…

ရုရှား-ယူကရိန်း ပဋိပက္ခ ဖြေရှင်းရေး ကူညီဖို့ အသင့်ရှိတယ်လို့ ယူအေအီး သမ္မတ ပြော

မော်စကို၊ အောက်တိုဘာ ၂၂ ယူကရိန်းမှာ ငြိမ်းချမ်းရေး ရှာဖွေရေး ကြိုးပမ်းမှုတွေကို ကူညီဖို့ အဆင်သင့် ရှိတယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သမ္မတ ရှိတ်ခ် မိုဟာမက် ဘင် ဆော်လမန် အယ်လ်နာရန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို အောက်တိုဘာ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။ မော်စကိုမြို့ အပြင်ဘက်ရှိ နေအိမ်မှာ…

နယ်စပ်တင်းမာမှု အရှိန်လျှော့ချရေး အိန္ဒိယနဲ့ တရုတ် သဘောတူ

နယူးဒေလီ ဘေဂျင်း၊ အောက်တိုဘာ ၂၂ မကြာသေးခင် နှစ်တွေက အနီးကပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဟိမဝန္တာ နယ်စပ်မှာ အငြင်းပွားမှု လျှော့ချဖို့ ကင်းလှည့် စောင့်ကြပ်မယ့် အစီအစဉ်ကို အိန္ဒိယနဲ့ တရုတ်တို့ သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီခရန် မီဆရီက ပြောကြားလိုက်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ကတည်းက ထွက်ပေါ်လာခဲ့တဲ့ နယ်စပ်ပြဿနာတွေကို ဖြေရှင်းရေး…