October 2024

ရွှေကျင်မှာ လက်နက်ကြီးကျလို့ အရပ်သား သုံးဦး ဒဏ်ရာရ

ရွှေကျင်၊ အောက်တိုဘာ ၂၅ ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ် ၄၄၀ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ကွင်းဆိပ်ကျေးရွာထဲ ၈၁…

ထိုင်းမှာ PDF ၁၃ ဦး ဖမ်းဆီးရမိတယ်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား +++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ PDF ၁၃ ဦးအား ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တယ်”ဆိုပြီး ဓာတ်ပုံတစ်ပုံနဲ့ စစ်တပ်လော်ဘီတွေက လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်…

စစ်ကောင်စီဖမ်းဆီးမှုကြောင့် ထိုင်းကုန်ပစ္စည်း ရှားပါးပြတ်လပ်မှုနဲ့ ကြုံရနိုင်

မော်လမြိုင် ၊ အောက်တိုဘာ ၂၅ မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင်ကုန်ပစ္စည်းဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးနေတဲ့အတွက် ကုန်ပစ္စည်းရှားပါးပြတ်လပ်မှုနဲ့ ကြုံလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ ဌာနစုံပါဝင်တဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်ကစပြီး မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်တွေအပြင် သို လှောင်ရုံ ဂိုဒေါင်တွေအထိ လိုက်လံဖမ်းဆီးနေတာပါ။ အဲလိုဖမ်းဆီးရာမှာလည်း သိမ်းဆည်းရမိနေတဲ့…

သထုံထောင်က အကျဉ်းသားတွေကို စစ်မှုထမ်းစစ်သားဆောင်းစုဖို့ စစ်ကောင်စီ စီစဉ်

သထုံ၊ အောက်တိုဘာ ၂၅ မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို စစ်မှုထမ်းစစ်သားစုဆောင်းဖို့ စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က သထုံထောင်ထဲရောက်ရှိလာပြီး အကျဉ်းသားတွေရဲ့ တစ်ဦးချင်းကိုယ်ရေးအချက်အလက်တွေကို လာရောက်ကောက်ယူနေတာပါ။ အဲဒီစာရင်းကောက်ယူရာမှာ အကျဉ်သားတွေရဲ့ အမည်၊ အသက်၊…

ကျိုက်ထိုမှာ စစ်ကောင်စီတပ် နေ့ရောညပါ လက်နက်ကြီးပစ်ခတ်နေ

ကျိုက်ထို၊ အောက်တိုဘာ၂၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးဝန်းကျင် ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စစ်ကောင် စီတပ်က နေ့ရောညပါ လက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသ ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး အောက်တိုဘာ ၂၄ ရက်နေ့အထိ အခိုင်၊ သုံးခွ၊…

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မယ့် အစီအစဉ် ကန့်ကွက်ခံရ

ခမ်ဂျုံ၊ အောက်တိုဘာ ၂၄ သက်ဆိုင်ရာ တန်ကဟူလ် ကျေးရွာတွေနဲ့ ကြိုတင် တိုင်ပင်မှု မရှိသလို သဘောတူခွင့်ပြုမှု မရှိဘဲနဲ့ ခမ်ဂျုံ ဒေသတစ်လျှောက် အိန္ဒိယ-မြန်မာ နယ်စပ်မှာ အတင်းအကြပ် ခံစည်းရိုးခတ်မယ့် အစီအစဉ်ကို ဆန့်ကျင်ကြောင်း ထပ်မံ အတည်ပြုလိုက်တယ်လို့ နာဂ ကျောင်းသား အဖွဲ့အစည်းတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ခြံစည်းရိုး ခတ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့…

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ ရှောင်ရှားကြဖို့ IMF သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ ၂၄ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေကြား ကုန်သွယ်ရေးစစ်ပွဲကြီး တစ်ပွဲ ဖြစ်ပွားလာရင် ကမ္ဘာ့စီးပွားရေးဟာ ပြင်သစ်နဲ့ဂျာမနီ ပေါင်းထားတဲ့ စီးပွားရေး အင်အားလောက်အထိ အားလျော့သွားနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က သတိပေးလိုက်ပါတယ်။ ဒေါ်နယ်ထရန့် ထပ်မံ ရွေးကောက်ခံရနိုင်တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် စိုးရိမ်မှုတွေ မြင့်မားနေချိန်မှာ အခုလိုမျိုး သတိပေးချက် ထွက်ပေါ်လာတာ…

အခုလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ကလေးငယ် ၂၀ ဦး သေဆုံး

မော်လမြိုင်၊ အောက်တိုဘာ ၂၃ နိုင်ငံတဝန်းမှာ အခုလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးငယ် ၂၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံသားအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထံက သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက် နက်ကြီးပစ်ခတ်မှုအပါအဝင် သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် အသက် ၁၈…

သထုံမှာ NLD ပါတီဝင်နှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

သထုံ၊ အောက်တိုဘာ ၂၄ မွန်ပြည်နယ် သထုံမြို့နယ် အင်းကွဲကျေးရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်နှစ်ဦးကို စစ်ကောင်စီတပ် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က အင်းကွဲကျေးရွာနေ NLD ရပ်ကျေးပါတီဝင်နှစ်ဦးဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် စောတာတီးနဲ့စောချစ်တို့ကို နေအိမ်မှာလာရောက်ဖမ်းဆီးသွားတာပါ။ ဖမ်းဆီးထားတဲ့ NLD ပါတီဝင်တွေကို…

အာဏာသိမ်းကာလအတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရသူ အရပ်သား ၁၃၀၀ ကျော်ရှိလာ

ဘုတလင် ၊ အောက်တိုဘာ ၂၄ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစုအပြုံလိုက် သတ် ဖြတ်ခံရတဲ့ ဖြစ်စဉ် ၆၅ ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား ၁,၃၀၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ သုတေသနအဖွဲ့ISP Myanmar က အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လူ ၁၀ ဦးနဲ့အထက် အစုအပြုံလိုက်…