အမှန်/အမှား
+++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲ စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံး ကြဲတိုက်ခိုက်မှုမှာ PDF တပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးတယ်”ဆိုပြီး စစ်တပ်လော်ဘီတွေ လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၂၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ မင်းတပ်မြို့နယ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအဆက်မပြတ် ပြုလုပ်နေတာကြောင့် အရပ်သားပြည်သူလူထုပိုင်ဆိုင်တဲ့ အိုးအိမ်တွေများစွာ ပျက်စီးဆုံးရှုံးမှု ရှိနေတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
မင်းတပ်မြို့မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှောင်တိမ်းရင်း မိခင်နဲ့ မွေးကင်းစကလေးသေဆုံးမှုနဲ့ မိခင်ဝမ်းအတွင်း သန္ဓေသားသေဆုံးမှုတွေ ရှိနေတယ်လို့ The Mindat post သတင်းဌာနက ဖော်ပြထားပါတယ်။
စစ်ကောင်စီလေတပ်ဟာ မင်းတပ်မြို့နယ်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ လေကြောင်းတိုက် ခိုက်မှု အကြိမ်ပေါင်း ၁၃၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ ပြည်သူ ၂၉ ဦး သေဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat က ထုတ်ပြန်ထားပါတယ်။
CDF-Mindat ရဲ့ ထုတ်ပြန်ချက်လင့်
The Mindat post သတင်းဌာနက ဖော်ပြထားတဲ့လင့်
စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၇ရက် ည ၉နာရီခန့်တွင့်လေကြောင်း တိုက် ခိုက်ရာတွင် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ၊ ဗုံးအသေးများ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု People’s Spring သတင်းဌာနက ဖော်ပြထားပါတယ်။
People’s Springသတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်