အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အ ရပ်သားပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်မှုဟာ PDF အချင်းချင်း သတ်ဖြတ်တာ”ဆိုပြီး စစ်ကောင်စီလော်ဘီတွေ လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၂၁ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါကျေးရွာကို အောက်တိုဘာ ၁၇ ရက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး မပြေးနိုင်တဲ့ အဘိုးအိုတစ်ဦးနဲ့ စိတ်မနှံ့သူတွေ အပါအဝင် ဒေ သခံခြောက်ဦးကို သတ်ဖြတ်ကာ တချို့ကိုခေါင်းဖြတ်ပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲထားခဲ့တယ်လို့ ဒေ သခံတွေက MFP သတင်းဌာနကို ထုတ်ဖော်ပြောပြထားပါတယ်။

ဘုတလင်နယ် တက်လှိုင်းရွာကတဆင့် စီပါရွာကိုစစ်အုပ်စုက စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့ပြီးနောက် အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းမှာ စီပါရွာကနေ ဆယ်ဝရွာဘက် ထွက်သွားလို့ ဒေ သခံတချို့ ရွာထဲဝင်ရောက်ကြည့်ရှုရာမှာ ခေါင်းဖြတ်ခံထားရတဲ့ အလောင်းတွေနဲ့ မီးလောင်ပြာ ကျနေတဲ့ အိမ်ခြေ ၃၀၀ နီးပါး တွေ့ရှိခဲ့တယ်လို့ MFP သတင်းဌာနက ဖော်ပြထားပါတယ်။

မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးကာ အကြမ်းဖက်နေခြင်းဖြစ်တယ်လို့ People’s Spring သတင်းဌာနက ဖော်ပြထားပါတယ်။

မပြေးနိုင်သူတွေကို စစ်ကောင်စီတပ်က အရှင်လတ်လတ် ခုတ်ထစ်သတ်ဖြတ်ခဲ့ပြီး ရွာအလယ်မှာ ခေါင်းပြတ်၊လက်ပြတ်တွေကို ချိတ်ဆွဲထားခဲ့ကြကာ အသတ်ခံရသူတွေထဲမှာ မပြေးနိုင်လို့ ရွာထဲကျန်နေခဲ့တဲ့ အသက် ၈၀ အရွယ်အဖိုးအိုတစ်ဦးလည်း ပါဝင်တယ်လို့ စီပါရွာမှာ အသက်မသေဘဲ လွတ်မြောက်လာသူတွေက Myanmar now သတင်းဌာနကို ပြန်လည်ပြောပြခဲ့ကြပါတယ်။

Myanmar now သတင်းဌာနလင့်

https://www.facebook.com/share/p/tKZmYLYZryPFjwhV

BBC သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/share/v/6KCXf8aZEGQ223Bp

MFP သတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=600479015644556&id=100070473873342&rdid=iC1pAyaQf8SZIIA1

People’s Spring သတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=879593994239394&id=100065664033865&rdid=9t4cjdHBYeLodLie

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.