October 17, 2024

သရက်ချောင်းမှာ သန်းခေါင်စာရင်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

သရက်ချောင်း၊ အောက်တိုဘာ ၁၇ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာမှာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ အင်အား ၈၀ ဝန်းကျင်နဲ့ ထားဝယ်အခြေစိုက် ခလရ ၂၅ တပ်ရင်းမှ သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာထဲမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁၅…

အမေရိကန်ဒေါ်လာ ကြီးစိုးထားမှု အဆုံးသတ်ရေး BRICS ညီလာခံမှာ ရုရှား တွန်းအားပေးမယ်

မော်စကို၊ အောက်တိုဘာ ၁၇ လာမယ့် သီတင်းပတ်ကျရင် ကျင်းပမယ့် BRICS ညီလာခံမှာ ရုရှားက အနောက်တိုင်းရဲ့ အရေးယူ ပိတ်ဆို့မှု ဒဏ်ကို ခံနိုင်မယ့် နိုင်ငံတကာ ငွေပေးချေမှုအတွက် လမ်းကြောင်းအသစ် တစ်ခု တည်ဆောက်ရေး အဖွဲ့ဝင် နိုင်ငံတွေကို စည်းရုံးဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ အပြင်…

လာမယ့်လမှာ စစ်ခေါင်းဆောင် တရုတ်သို့ သွားရောက်မယ်

နေပြည်တော်၊ အောက်တိုဘာ ၁၇ လာမယ့် နိုဝင်ဘာလမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ရင်းနှီးတဲ့ မဟာမိတ် တရုတ်နိုင်ငံသို့ သွားရောက်မှာ ဖြစ်ကြောင်း စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုက အေအက်ဖ်ပီ သတင်းဌာနသို့ အောက်တိုဘာ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာ စစ်ခေါင်းဆောင် တရုတ်ကို သွားဖို့ စီစဉ်ထားတဲ့အကြောင်း၊ အဲဒီခရီးစဉ်က…

တိုက်ပွဲပြင်းထန်နေလို့ မြိတ်-ပုလော-ထားဝယ်လမ်းပိုင်းမသုံးဖို့ PDF သတိပေး

ပုလော၊ အောက်တိုဘာ ၁၇ တနင်္သာရီတိုင်း ပုလောမြို့နယ်ထဲမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာကြောင့် မြိတ်-ပုလော-ထားဝယ်ပြည်ထောင်စုလမ်းမကြီး အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က တပ်အင်အား ၂၀၀ ကျော်နဲ့ မြိတ်အခြေစိုက် တပ်ရင်းကနေတစ်ဆင့် ပုလောမြို့နယ် ကြဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နဲ့…

လေးကေကော်အမြောက်ကုန်းကို KNLA/PDF သိမ်းပိုက်

မြဝတီ၊ အောက်တိုဘာ၁၇ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ်အနီးမှာ တစ်ခုထဲကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်ကုန်းလို့ခေါ်တဲ့ စွယ်တော်ဗျူဟာကုန်းကို KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။ လေးကေကော်အမြောက်ကုန်းကို ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၄ နာရီကျော်လောက်မှာ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက…