အမှန်/အမှား

+++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ရှမ်းပြည်နယ်က ဗုဒ္ဓရုပ်ပွားတော်တွေကို PDF တွေ ဖျက်ဆီးနေတယ်”ဆိုပြီး စစ်ကောင်စီဘက်က ဗုဒ္ဓရုပ်ပွားတော် ဆင်းတုတွေ ခေါင်းဖြတ်ခံထားရတဲ့ ဗွီဒီယိုတစ်ခု ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၃ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရှမ်းပြည်နယ် ဖယ်ခုံမြို့ လအိကျေးရွာမှာ စက်တင်ဘာ ၅ ရက်နေ့က စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက်ပိုင်း ရွာခံအားလုံးနီးပါး စစ်ရှောင်နေရတယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ SHAN Burmese သတင်းဌာနက ဖော်ပြထားပါတယ်။

ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘုရားစေတီတစ်ဆူမှာ တည်ထားကိုးကွယ်သော ဘုရားဆင်းတု တော်တွေအားလုံး ခေါင်းဖြတ်ထားခံရတဲ့ ဗီဒီယိုတစ်ခု အောက်တိုဘာ ၂ ရက်နေ့မှာ လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာတွေ ပေါ် ပျံ့နှံ့တာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF စစ်ဗျူ ဟာ အမှတ်(၁)၊ စစ်ဗျူဟာ အမှတ်(၈)ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဗုဒ္ဓဘာသာတွေရဲ့ အထွက်အမြတ်ထား ကိုးကွယ်ရာ ဘုရားဆင်းတုတော်တွေကို အခုလို ဆိုးရွားစွာ ဖျက်ဆီးခံရတာဟာ ကရင်နီပြည်နယ်မှာ နိုင်ငံရေးမှတဆင့် ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားစေဖို့ ဦးတည်ဖန်တီးလုပ်ဆောင်တာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက SHAN Burmese သတင်းဌာနကို ပြောထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အစပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ် လအိကျေးရွာက ဗုဒ္ဓရုပ် ပွားဆင်းတုတော် ၉ ဆူ ခေါင်းဖြတ်ခဲ့တဲ့ တရားခံကို ဒေသခံတွေနဲ့အတူ ပူးပေါင်းဖော်ထုတ်သွားမယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MPDF သတင်းထုတ်ပြန်တာကို ဧရာဝတီသတင်းဌာနက ဖော်ပြထားပါတယ်။

တော်လှန်အင်အားစုတွေဖြစ်ကြတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ်(၁) နဲ့ စစ်ဗျူဟာအမှတ်(၈)တို့ကလည်း ဒီဖြစ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားပြီး လအိကျေးရွာရှိ အုပ်ချုပ်ရေးတာဝန်ခံတွေနဲ့ ပူးပေါင်းကာ ကျူးလွန်သူတွေကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး အပြစ် ပေးအရေးယူသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ထုတ်ပြန်ချက်လင့်

https://www.facebook.com/story.php?story_fbid=537615698651826&id=100072102023354&rdid=9J7PuLktipv6hJwo
https://www.facebook.com/story.php?story_fbid=509140431883163&id=100083616300260&rdid=qfC4ZDXrTuXecSTe

မိုးဗြဲPDF သတင်းထုတ်ပြန်ချက်

https://www.facebook.com/story.php?story_fbid=509140431883163&id=100083616300260&rdid=MYc9fhHIughG6sPs

SHAN Burmeseသတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/share/v/qEk2noMYLNo874Wi

ဧရာဝတီ သတင်းဌာနကဖော်ပြထားတဲ့ လင့်

လအိကျေးရွာရှိ ဘုရားဆင်းတုတော်တွေ အားလုံး ခေါင်းဖြတ်ထားခံရတဲ့ ဗီဒီယိုရုပ်သံကို စစ်တပ်လော်ဘီတွေဘက်ကသာ ဖြန့်ချီထားတာတွေ့ရပြီး မည်သည့်အဖွဲ့က ဘုရားဆင်းတုတော်တွေကို ခေါင်းဖြတ်ထားတယ်ဆိုတာ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားခြင်းလည်း မရှိသေး ပါ။

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.