လားရှိုး ၊ အောက်တိုဘာ ၁၂

လက်ရှိရှုပ်ထွေးနေတဲ့ ပြည်တွင်းအခြေအနေအရ ပြည်ပအင်အားစုတွေက MNDAA ကို အတင်းအ ကျပ် အသုံးမပြုစေဖို့နဲ့ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ ပဋိပက္ခတွေမှာ ပါဝင်ခြင်းကနေ ကာကွယ်ဖို့ တပ်ဖွဲ့ဝင် တွေကို ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။စည်းကမ်းချက်တွေနဲ့ ထုတ်ပြန်တား မြစ်လာပါတယ်။

လက်ရှိရှုပ်ထွေးနေတဲ့ ပြည်တွင်းအခြေအနေအရ ပြည်ပအင်အားစုတွေက MNDAA ကို အတင်း အကျပ်အသုံးမပြုစေဖို့နဲ့ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ ပဋိပက္ခတွေမှာ ပါဝင်ခြင်းကနေ ကာကွယ်ဖို့ တပ်ဖွဲ့ဝင်တွေကို ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။

MNDAA ရဲ့ ကန့်သတ်ချက်တွေဟာ တရုတ်နိုင်ငံကို ရည်ညွန်းတဲ့ တားမြစ်ချက်တွေ မတွေ့ရှိရဘဲ “ဝ” အဖွဲ့ နဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားပြီးနောက်ပိုင်း အခုလိုကြေညာလာတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မြန်မာပြည်က ပဋိပက္ခတွေကို အကြောင်းပြုပြီး တ ရုတ်က အနောက်အင်အားစုတွေ ဝင်လာမှာကို သိပ်ကြောက်တဲ့အတွက် ခပ်ကင်းကင်းနေဖို့ MNDAA ကို အမိန့်ပေးလိုက်တာလို့ သုံးသပ်ပါတယ်။

“တရုတ်က မြန်မာပြည်မှာရှိနေတဲ့ ပဋိပက္ခတွေကို အကြောင်းပြုပြီးတော့ ထပ်မံပြီးအ‌နောက်တိုင်းအင်အားစုတွေ NATO (နေတိုး) တို့ EU (ဥရောပသမဂ္ဂ) တို့ အမေရိကန်တို့ ဝင်ရောက်လာမှာကို သိပ်ကြောက်နေတာ။ အဲဒီတော့ သူတို့ဝင်ရောက်လာဖို့ ပြည်တွင်းမှာရှိနေတဲ့ လက်နက်ကိုင်အင် အားစုတွေထဲမှာ သူတို့အမိန့်ပေးလို့ရတဲ့အဖွဲ့တွေကို ဒီလိုအမိန့်ညွန်ကြားချက်တွေပေးပြီး မတွေ့ဆုံနဲ့ မဆွေးနွေးနဲ့ သတင်းတွေဘာတွေမပြောနဲ့ မပတ်သက်နဲ့ ကင်းကင်းနေဆိုပြီး အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

MNDAA ရဲ့ တားမြစ်ချက်တွေထဲမှာ ခွင့်ပြုချက်မရှိဘဲ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ ခရီးမသွားဖို့အပါအဝင် မြန်မာ့အ‌ရေးနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာ ညီ လာခံတွေမှာ ပါဝင်ခွင့်ကိုလည်း ပိတ်ပင်ထားတာပါ။

ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ အမေရိကန်နဲ့ အနောက်တိုင်းမီဒီယာတွေက သတင်းထောက်တွေနဲ့ တွေ့ ဆုံမေးမြန်းခြင်းကို တားမြစ်ထားပြီး အခုနှစ်အတွင်း ပြည်ပမီဒီယာတွေရဲ့ အင်တာဗျူးကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တစ်ဘက်မှာ မြန်မာနိုင်ငံအခြေအနေအပေါ် ပုဂ္ဂလိကနဲ့ အဖွဲ့အစည်းအမည်သုံးပြီး ရပ်တည်ချက်တွေနဲ့ သဘောထားတွေ ဖော်ပြတာကိုလည်း MNDAA က သူ့တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်သူတွေကို ပိတ်ပင်တားမြစ်ထားပါသေးတယ်။

ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ရင်တော့ အခြေအနေနဲ့ အကျိုးဆက်တွေအပေါ် မူတည်ပြီး ဆောက်ရွက်သွားမယ်လို့ MNDAA က ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တရုတ် – မြန်မာအရေး လေ့လာသူတစ်ဦးကလည်း MNDAA ဟာ အစားအသောက်ကအစ လက် နက်ခဲယမ်းအထိ တရုတ်ကိုမှီနေရသလို တရုတ်ကလည်း ကိုယ့်ခြံစည်းရိုးလုံဖို့ ကိုယ့်လူကို ဘယ်ရန်သူနဲ့မှ ဆက်ဆံစေချင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“MNDAA ဟာ တရုတ်နယ်စပ်မှာရှိပြီး အစားအသောက်ကနေအစ လက်နက်ခဲယမ်းအထိ မှီခိုနေရတာပါ။ အင်အားကြီးတရုတ်နိုင်ငံအနေနဲ့ ကိုယ့်ခြံစည်းရိုးနားမှာ ကိုယ့်ကိုရန်ရှာနေတဲ့ နိုင်ငံတွေရဲ့ခြေတံလက်တံတွေကို အထားခံမှာမဟုတ်ဘူး။ ကိုယ့်ခြံစည်းရိုးလုံခြုံဖို့ ကိုယ့်လူတွေကို ဘယ်ရန်သူနဲ့မှ ဆက်ဆံစေချင်မှာမဟုတ်ဘူး။ ကျူးဘားကို အမေရိကန်သဘောထားသလို၊ ယူကရိန်းကို ရုရှားသဘောထားသလိုပါပဲ။ TNLA က အလုံးစုံပုံအောပြီး နွေဦးတော်လှန်ရေးဘက် ခြေစုံရပ်တည်ပေး လိုက်ပါတယ်။ ဒါတောင် ညီနောင်မဟာမိတ်သုံးဖွဲ့က မဟာမိတ်စုဖွဲ့မှု မပျက်မစီးဘဲ အခုထိရှိနေပါသေးတယ်”လို့ ဆိုပါတယ်။

စစ်ရေးနဲ့ နိုင်ငံရေးပရိယာယ်ကို နားလည်ရင် ဒါဟာကောင်းတဲ့အရွေ့တစ်ခုဖြစ်သလို NUG အနေနဲ့လည်း တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပိုတွဲလုပ်ဖို့နဲ့ စစ်ကောင်စီနေရာမှာ အစားထိုးဖို့ အ သင့်ဖြစ်နေကြောင်း ပြသဖို့လိုလာပြီလို့ သူက ထောက်ပြပါတယ်။

တရုတ်အနေနဲ့ ကိုးကန့်တပ် MNDAA ကို ဖြတ် ၅ ဖြတ်နဲ့ ပိတ်ဆို့ အရေးယူထားပြီး လားရှိုးမြို့ က နေ မဆုတ်မချင်း ရုတ်သိမ်းပေးမှာမဟုတ်တဲ့အပြင် ပိုမိုပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင် သွားမယ်လို့ ဖိအားပေးထားတာပါ။

ဒီလိုမျိုး ဖိအားတွေရင်ဆိုင်နေရတဲ့ MNDAA အနေနဲ့ တရုတ် ဒါမှမဟုတ် မြန်မာကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအဝိုင်းတွေနဲ့ မဟာမိတ်ဖွဲ့မှာ မဟုတ်ဘူးဆိုတဲ့ နိုင်ငံရေး Redline ကို ပြီးခဲ့တဲ့ စက်တင်ဘာမှာ အသိပေးခဲ့ပါတယ်။

တစ်ဘက်မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်တွေနဲ့အတူ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ PDF တွေနဲ့ ပူးတွဲတိုက်ပွဲဝင်ခဲ့တဲ့ MNDAA အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေးနိုင်ငံ‌ရေးအရ ပူး‌ပေါင်းတော့မှာမဟုတ်ဘူးလို့ ကြေညာခဲ့ရတာပါ။

နိုင်ငံရေးအကဲခတ်တွေကတော့ MNDAA ရဲ့ ကြေညာချက်တွေကို ကြည့်ရင် တရုတ်နိုင်ငံက မြန်မာပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအပေါ် ဝင်ရောက်စွက်ဖက် အမိန့်ပေးနေတာ ပေါ်လွင်တယ်လို့ သုံးသပ်ကြပါတယ်။

ဒီအပေါ် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းတဲ့ နွေဦးတော်လှန်ရေးမှာ အနှောင့်အယှက်ပေးသလို ဖြစ်ပေမယ့် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်မလာနိုင်ဘူးလို့ ယူဆချက်တွေလည်း ရှိနေပြန်ပါတယ်။

တရုတ်နိုင်ငံကတော့ ပြည်ပအင်အားစုက မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုကို ဆန့် ကျင်တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်သံရုံးကနေ အသိပေးထုတ်ပြန်ထားပေမယ့် နောက်ကွယ်မှာတော့ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.