အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“စစ်ကောင်စီက တောင်ကုတ်မြို့ရှိ အရပ်သားတွေနေတဲ့နေရာကို ဗုံးကြဲချပြီး AA စစ်သင်တန်းပေးတဲ့ နေရာဖြစ်တယ်”ဆိုကာ ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီလက်အောက်ခံ တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၄ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က ကျေးရွာတွေ မကြာခဏဆိုသလို လေ ကြောင်းတိုက်ခိုက်ခံနေရတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂ ရက်ကလည်း တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကုတ်ဒေသခံတွေ ပြောပြတာကို DVB သတင်းဌာနက ဖော်ပြထားပါတယ်။

ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Western News သတင်းဌာနမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ည ၁၂ နာရီလောက်မှာ ခေါင်းလောင်းတူရွာကို တမင်ရည်ရွယ်ကာ ဗုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ရဲ့ ဦးခေါင်းမှာ တစ်လက်မခွဲခန့် ဗုံးစထိမှန်ဒဏ်ရာရရှိသွားပြီး ခေါင်းလောင်းတူ ကျေးရွာသားတွေကလည်း စစ်ကောင်စီ ဗုံးအန္တရာယ်ကိုစိုးရိမ်ပြီး အိုးအိမ်စွန့် ခွာသွားကြပြီလို့ ဖော်ပြထားပါတယ်။

DVB သတင်းဌာနကဖော်ပြထားတဲ့ လင့်

https://burmese.dvb.no/post/671611?fbclid=IwY2xjawFt3OZleHRuA2FlbQIxMAABHY3Hz1qRevtgwfLpCl51vp0OSyfXr5qobMgOLpy_CITedV0E2LzfFCzw0w_aem_mULCMTXB6LxpW9bz9kf6nw

Western News သတင်းဌာနကဖော်ပြထားတဲ့ လင့်

https://www.facebook.com/share/p/5V8BTWxLbzKVTNzJ

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.