အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ခင်ဦးနဲ့ ရေဦးမြို့နယ်တွေရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ပြီး PDF တွေ တိုက်ခိုက်တာ”ဆိုပြီး စစ်ကောင်စီဘက်က ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၆ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စစ်ကိုင်းတိုင်းရှိ မြို့နယ်တွေမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေက ဒရုန်းတွေကို တွင် တွင်ကျယ်ကျယ် အသုံးပြုလာနေပြီး အောက်တိုဘာ ၃ ရက်နဲ့ ၅ ရက်နေ့တွေမှာ ကန့်ဘလူ၊ ခင်ဦးနဲ့ ရေဦးမြို့နယ်ထဲက ရွာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ကန့်ဘလူမြို့ရှိ စစ်ကောင်စီရဲ့ အမှတ် ၆၀၀၆ တပ်ရင်း၊ ကာဘိုးအထိုင်စခန်းနဲ့ ရေဦးမြို့ တိုင်းရင်းဆေးရုံ အထိုင်စခန်းတွေကနေ လက်နက် ကြီးနဲ့ နေ့စဉ်ပစ်နေသလို ဒရုန်းတွေလည်း ကျေးရွာတွေပေါ်ကို ပစ်ချတာ၊ ဗုံးသီးချတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသတွင်းသ တင်းဌာနတစ်ခုဖြစ်တဲ့ MFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ကန့်ဘလူ၊ ခင်ဦးနဲ့ ဘုတလင်မြို့နယ်တွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် မြေပြင်တပ်တွေကလည်း စစ်ကြောင်းထိုးစီးနင်းတာတွေ ခပ်စိပ်စိပ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေ ဆုံးနေတယ်လို့ RFA သတင်းဌာနက ဖော်ပြထားပါတယ်။

MFPသတင်းဌာနကဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=589990373360087&id=100070473873342&rdid=PrIGJNf2pmMROOd2

RFAသတင်းဌာနကဖော်ပြထားတဲ့ လင့်

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.