အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ချင်းတွင်းမြစ်ရှိ စစ်ရေယာဉ်တွေအား ပစ်ခတ်တိုက်ခိုက်နေတဲ့ PDF တွေကို ဒေသ ခံတွေက ရှင်းလင်းပေးဖို့ ပြောဆိုနေတယ်”ဆိုပြီး စစ်ကောင်စီက ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း၊ ကြေးမုံစတဲ့ သတင်းစာတွေအပါ အဝင် စစ်တပ်တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုဟာ စစ်ကိုင်းတိုင်းအ ထက်ပိုင်းမြို့နယ်တွေမှ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၀၀ကျော်ကို ခေါ်ဆောင်လာပြီး မန္တလေးမြို့ဘက်သို့ ဆက်လက်စုန်ဆင်းနေတယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်း၊ ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာမြို့တလျှောက် စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ် သင်္ဘောအုပ်စုဟာ ခန္တီးအကျဉ်း ထောင်အပါအဝင် စစ်တပ်တပ်ရင်းတွေနဲ့ ရဲစခန်းတွေရှိ အချုပ်သားတွေ၊ အကျဉ်းသား စုစုပေါင်း ၁၀၀ ကျော်ကို ခေါ်ဆောင်လာတာဖြစ်တယ်လို့ People’s Springသတင်းဌာနကဖော်ပြထားပါတယ်။

People’s Springသတင်းဌာနကဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=858741696324624&id=100065664033865&rdid=bHDfraiq8EZING5w

ဒေသခံတွေနဲ့စုဖွဲ့ထားတဲ့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီကတော့ ချင်းတွင်းမြစ်ကနေ ဖြတ်လာတဲ့ စစ်ကောင်စီသင်္ဘာတွေက မြစ်ကမ်းဘေးကျေးရွာတွေကို ရမ်းသမ်းပစ်ခက်နိုင်ခြေရှိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မြစ်ကမ်းဘေးနဲ့ဝေးတဲ့ နေရာတွေမှာသာ ယာယီနေ ထိုင်ပေးကြပါဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီ ရဲ့ တိုက်တွန်းနှိုးဆော်ချက်လင့်

https://www.facebook.com/story.php?story_fbid=505555715565802&id=100083341327511&rdid=LyJ15h0ciSmticGe

စစ်ကောင်စီရေယာဉ်တွေက ရမ်းသမ်းပစ်ခတ်တာတွေရှိနေလို့ ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ ပြည်သူပိုင်ရေယာဉ်တွေအနေနဲ့ ယာယီသွားလာခြင်းမပြုဖို့ စက်တင်ဘာ ၁၆ ရက်မှာ ကနီမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးတားမြစ်ထားတဲ့အကြောင်း DVB သတင်းဌာနမှာဖော်ပြထားပါတယ်။

DVB သတင်းဌာနမှာဖော်ပြထားတဲ့လင့်

https://burmese.dvb.no/post/669176?fbclid=IwY2xjawFshvRleHRuA2FlbQIxMQABHY9jQE0DhWkDbb8IIjz4pvDkop7jGHS3-im4kT9g4KdFM9hv8BlCFnT_BQ_aem_xuq5BsBNGLK4_pKI4m-8IQ

ချင်းတွင်းမြစ်ဝှမ်းအတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ဒေသခံ PDF တပ်တွေက လက်နက် ကြီးလက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်နေတဲ့ ရုပ်သံမှတ်တမ်းကိုလည်း Black Tiger Attackes Forceအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ စစ်သင်္ဘာများဖြတ်သန်းနေတဲ့ ရုပ်သံမှတ်တမ်းလင့်

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘော ၁၇ စီးကို PDF တပ်ဖွဲ့တွေ တိုက်ခိုက်တာကြောင့် စစ်ကောင်စီပိုင် Mi35 ရဟတ် ယာဉ်ပေါ်မှ စက်သေနတ်နဲ့အချိန်အတန်ကြာ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ MPA သတင်းဌာနက ဖော်ပြထားပါတယ်။

https://www.facebook.com/story.php?story_fbid=1053907856098602&id=100044381921069&rdid=Hn00CigFBYGZCoUe

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.