October 8, 2024

ပြုပြင်ပြောင်းလဲရေးဝါဒီ အိမ်ရှေ့စံလက်ထက် ဆော်ဒီမှာ ကွပ်မျက်မှု စံချိန်တင်

ရီးယာ့ဒ်၊ အောက်တိုဘာ ၈ သေဒဏ်ပေးမှု လျှော့ချပါ့မယ်လို့ ကတိပေးထားပေမယ့် ဆော်ဒီအာရေးဗီးယားမှာ ကွပ်မျက် သတ်ဖြတ်မှု စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အခု ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာတင် ကွပ်မျက် သတ်ဖြတ်ခံရသူ ၂၀၈ ဦးရှိပြီး ၂၀၂၂ ခုနှစ်က ၁၉၆ ဦးထက် ပိုများလာခဲ့သလို တစ်ရက်တည်းနဲ့ ၈၁ ဦး ကွပ်မျက်ခဲ့တဲ့ မှတ်တမ်း…

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး မြို့တော်ဝန်ရာထူးအတွက် ဝင်ပြိုင်မယ်

ဒါဗောင်၊ အောက်တိုဘာ ၈ လာမယ့်နှစ် သက်တမ်းဝက် ရွေးကောက်ပွဲမှာ နိုင်ငံတောင်ပိုင်းမြို့ ဒါဗောင်ရဲ့ မြို့တော်ဝန်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက အောက်တိုဘာ ၇ ရက်မှာ မှတ်ပုံတင်ထားလိုက်ပြီ ဖြစ်ပါတယ်။ ဒူတာတေးဟာ သမ္မတရာထူး တာဝန်ယူချိန်က လူသေဆုံးမှုများတဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ စစ်ဆေးဖို့ ကြိုးပမ်းမှုတွေ ထွက်ပေါ်လာခဲ့ပြီး…

CDM နိုင်ငံရေးအကျဉ်းသားတွေ Non CDM ပြန်လုပ်ဖို့ ဖိအားပေးခြိမ်းခြောက်ခံနေရ

မုံရွာ၊ အောက်တိုဘာ ၈ စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ CDM နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက Non CDM ပြုလုပ်ဖို့အတွက် ဖိအားပေးခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ မုံရွာထောင်အာဏာပိုင်တွေက တာဝန်မှူးရုံးခန်းကို ခေါ်ပြီး သူတို့ကိုယ်တိုင် ရေးသားထားတဲ့ “CDM အမည်စာရင်းမှ ပယ်ဖျက်ခွင့်ပေးရန်စတဲ့ အချက်တွေပါတဲ့ အသနားခံစာ”မှာ CDM…

သံဖြူဇရပ်မှာ ခရီးသည်ယာဉ်ပစ်ခတ်ခံရလို့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

သံဖြူဇရပ်၊ အောက်တိုဘာ ၈ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အေးကမ္ဘာကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းမှာ ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရတာကြောင့် ခရီးသည် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မြိတ်မြို့ကနေ ရန်ကုန်မြို့သို့ ထွက်လာတဲ့ အဲဒီခရီးသည်တင်မှန်လုံယာဉ်ဟာ အောက်တိုဘာ ၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က အေးကမ္ဘာကျေးရွာအရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ခရီးသည်တင်ယာဉ်…

နပခဌာနချုပ်အနီးရှိ မဲတောင်ဗျူဟာစခန်းကို AA သိမ်းပိုက်

အမ်း၊ အောက်တိုဘာ ၈ ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေထဲမှ စခန်းတစ်ခုဖြစ်တဲ့ မဲတောင်ဗျူဟာစခန်းနဲ့ အနီးအနားပတ်ဝန်းကျင်က စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မဲတောင်ဗျူဟာကုန်းစခန်းဟာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အဖြောင့်တိုင်းရင် ၁၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၈ မိုင်ခွဲခန့်သာကွာဝေးပြီး အဲဒီဗျူဟာကုန်းစခန်းနဲ့ အနီးအနားက…

စစ်ကိုင်းတိုင်းကကျေးရွာတွေ ဗုံးကြဲမှု PDF တွေ လုပ်တာလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ခင်ဦးနဲ့ ရေဦးမြို့နယ်တွေရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ပြီး PDF တွေ တိုက်ခိုက်တာ”ဆိုပြီး စစ်ကောင်စီဘက်က ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို…

တောင်ကုတ်မြို့ ဗုံးကြဲမှု AA စစ်သင်တန်းပေးတဲ့နေရာလို့ စစ်တပ်လော်ဘီတွေဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“စစ်ကောင်စီက တောင်ကုတ်မြို့ရှိ အရပ်သားတွေနေတဲ့နေရာကို ဗုံးကြဲချပြီး AA စစ်သင်တန်းပေးတဲ့ နေရာဖြစ်တယ်”ဆိုကာ ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီလက်အောက်ခံ…

ချင်းတွင်းမြစ်မှာ စစ်ရေယာဉ်တွေ တိုက်ခိုက်ခံရမှု စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ချင်းတွင်းမြစ်ရှိ စစ်ရေယာဉ်တွေအား ပစ်ခတ်တိုက်ခိုက်နေတဲ့ PDF တွေကို ဒေသ ခံတွေက ရှင်းလင်းပေးဖို့ ပြောဆိုနေတယ်”ဆိုပြီး စစ်ကောင်စီက ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

မြန်မာ့အရေး အမြန်ဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ဘန်ကောက် အောက်တိုဘာ ၈ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေး အာဆီယံအနေနဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်လို့ ထိုင်းဝန်ကြီး ပေသွန်ထန် ရှင်နာဝပ်ထရာက ဒီတစ်ပတ်ထဲ လာအိုနိုင်ငံမှာ ကျင်းပမယ့် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီး ဆန့်ကျင်ဆန္ဒပြမှုတွေကနေ လက်နက်ကိုင် ပုန်ကန်မှုတွေဖြစ်စေခဲ့တဲ့ ၂၀၂၁…