အမှန်/အမှား

+++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ချင်းပြည်နယ် မင်းတပ်မြို့အနောက်ဘက်ရပ်ကွက်ရှိ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ သူတို့လက်ချက်မဟုတ်ဘူး”လို့ စစ်ကောင်စီက ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေအပါ အဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ နေအိမ်တွေကို အောက်တိုဘာ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မင်းတပ်မြို့ အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲကစပြီး မင်းတပ်-မတူပီ ကားလမ်းမတစ် လျှောက်ရှိ နေအိမ်တွေကို မင်းတပ်မြို့အခြေစိုက် အမှတ် ၂၇၄ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆိုင်ကယ်သုံးစီးနဲ့ ဓာတ်ဆီတွေ သယ်ဆောင်လာကာ တစ်အိမ်တက်ဆင်း မီးရှို့ခဲ့တာကြောင့် ဘုရင့်နောင်လမ်းခွဲမှ ဝိတိုရိယဘော်ဒါဆောင်အနီးအထိ နေအိမ် ၃၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ Mizzimaသတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ခလရ ၂၇၄ တပ်ရင်းထဲက ဓာတ်ဆီတွေကို ဆိုင်ကယ်နဲ့ ပုံးလိုက်သယ်လာကြပြီး နေအိမ်တွေကို တစ်အိမ်တက်ဆင်း မီးတင်ရှို့တာဖြစ်တယ်လို့ khonumthung Burmese သတင်းဌာနက ဖော်ပြထားပါတယ်။

Mizzima သတင်းဌာနကဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=871166618490931&id=100067928020493&mibextid=oFDknk&rdid=vCa8dcHe2rckiIeM

khonumthung Burmese သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=1059356269526759&id=100063571884464&mibextid=oFDknk&rdid=gse0FBmOvaGQDYUh

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.