အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးရုံး နှစ်ရုံးမှာ သန်းခေါင် စာရင်းကောက်ဖို့ အစည်းအဝေးလုပ်နေစဉ် ဗုံးပေါက်ကွဲတာကို ရပ်ကွက်နေ ပြည်သူတွေ Smart Card လုပ်နေစဉ် ဗုံးပေါက်ကွဲတယ်”ဆိုပြီး စစ်တပ်လော်ဘီတွေကနေ ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စိလက်အောက်ခံ တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၃၀ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးမှာ သန်း ခေါင်စာရင်းကောက်ယူဖို့ အစည်းအဝေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ လွတ် လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ကြည်မြင်တိုင်မြို့နယ် အလတ်ချောင်းနဲ့စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စက်တင်ဘာ ၃၀ ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ People’s Spring သတင်းဌာနက ဖော်ပြထားပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးအတွင်းရှိနေသူတွေဟာ သန်းခေါင်စာရင်း ကောက် ယူဖို့အတွက် အစည်းအဝေးလုပ်နေကြတဲ့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အပေါင်းအပါတွေသာဖြစ်တယ်လို့ Mizzima သတင်းဌာနက ဖော်ပြထားပါတယ်။

People’s Springသတင်းဌာနကဖော်ပြထားတဲ့ လင့်

Mizzimaသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=869951871945739&id=100067928020493&mibextid=oFDknk&rdid=TxHXAbzqdYERjiGQ

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.