မြဝတီ၊ အောက်တိုဘာ ၁

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေကော်မြို့သစ်အနီးနဲ့ ဒေါနတောင်ပေါ်လမ်းပိုင်းတွေမှာ KNLA တော်လှန် ရေးအင်အားစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်း ရင်း မြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နိုင်ငံတော်အဆင့် စစ်ဆင်ရေးလို့ခေါ်ဆိုတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA တော်လှန်ရေး အင်အားစုအဖွဲ့တို့ကြား ဒေါနတောင်ပေါ်လမ်းပိုင်းမှာ အခုရက်ပိုင်းတွေအတွင်း နှစ်ဖက်တိုက်ပွဲတွေ အပြင်းအ ထန် ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေပြီး ခဲယမ်းကျည်၊ ဗုံးသီးအချို့ လည်း တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

KNLA သိမ်းပိုက်ထားတဲ့ သင်္ဃန်းညီနောင်နဲ့ နယ်စပ်မြို့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ် ကောင်စီတပ်က အောင်ဇေယျစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာ အောင်ဇေယျစစ် ကြောင်းထံ စစ်ကောင်စီတပ်က စစ်သင်တန်းဆင်တပ်သားသစ်တွေအပါအဝင် တပ်အင်အားတွေ ထပ်မံတိုး ချဲ့လာတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ် ကျုံဒိုး၊ နဘူးကနေတဆင့် ကော့ကရိတ်မြို့ရှိ အခြေစိုက်တပ်ရင်း တွေထံ တပ်အင်အားတွေ ဆက်လက်တိုးချဲ့ပို့ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တဖက်မှာလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ လေးကေကော်မြို့သစ်နားရှိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်း ကုန်းကို KNLA တော်လှန်ရေးအင်အားစုအဖွဲ့တို့ ဆက်လက်ဝိုင်းရံတိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေခဲ့ ပါတယ်။

တစ်နေ့လုံးနီးပါး ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ် နှစ်စီးထက်မနည်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး လတ်တလောမှာ ပြောပြလို့မရသေးကြောင်း တော် လှန်ရေးပူးပေါင်းအဖွဲ့တစ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့အတွက် စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နဲ့ PDF တပ်ဖွဲ့တွေကိုပါ ဖိတ်ခေါ်နေတဲ့အချိန်အတောအတွင်း တဖက်မှာလည်း တိုင်းရင်းသားတော်လှန်ရေးတပ် တွေ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့ရွာနေရာဒေသတွေကို အပြင်းအထန် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.