အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒပြခံရတာ NUG /PDF ကြောင့်”ဆိုပြီး စစ် တပ်လော်ဘီချန်နယ်တွေကနေ ဝါဒဖြန့်လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ လက်အောက်ခံ တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ စက်တင်ဘာ ၂၄ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ ထိုင်းဥပဒေတွေကို ဆန့်ကျင်ပြီး နေထိုင်လုပ်ကိုင်မှုတွေ ရှိလာတာကြောင့် ဒေသခံထိုင်းတွေက အမြင်မကြည်လင်တာတွေ ဖြစ်ပေါ်လာရတာ ဖြစ်တယ်လို့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းစီးပွားရေးအကျပ်အတည်းနဲ့ အလုပ်အကိုင်ရှားပါးမှုတွေမှာ မြန် မာနိုင်ငံသားအများစုက မသိဆိုးရွားစွာနဲ့ ကန့်သတ်အလုပ် ၂၇ မျိုးကို သွားပြီး လုပ်မိတဲ့အတွက် ထိုင်းနိုင်ငံသားတချို့ရဲ့ အမြင်မကြည်လင်မှုတွေကြောင့် ထိုင်းမျိုးချစ်တွေက မြန်မာတွေကို မောင်းထုတ်ဖို့ ဆန္ဒဖော်ထုတ်ရတာ ဖြစ်တယ်လို့ DVBသတင်းဌာနက ဖော်ပြထားပါတယ်။

ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းတွေရဲ့ အဓိကကတော့ မြန်မာနိုင်ငံသားတချို့ဟာ သိုသိုသိပ်သိပ် ငြိမ်းငြိမ်းချမ်းချမ်း မနေတတ်ကြတာ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အခြေခံ ဥပဒေ၊ စည်းမျဉ်း၊ ယဉ်ကျေးမှုတွေကို လိုက်နာဖို့ လိုတယ်လို့ မြန်မာရွေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားနေသူတွေရဲ့ သုံးသပ်ချက်ကို DeltaNewsAgency သတင်းဌာနက ဖော်ပြထားပါတယ်။

DVBသတင်းဌာနကဖော်ပြထားတဲ့ လင့်

https://www.facebook.com/share/p/PdgXVDG1g8E2zjAQ/?mibextid=oFDknk

DeltaNewsAgency သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=938214068351671&id=100064892582655&rdid=fowLivZiZ3foyDk2

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.