အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီတပ် ဗုံးကြဲချမှုဟာ AA ရဲ့လက်နက်ဂိုထောင်တွေပါ”ဆိုပြီး စစ်တပ်လော်ဘီတွေကနေ လုပ်ကြံသတင်းအမှား ဖြန့် ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ လက်အောက်ခံ တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၂၅ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို စစ်ကောင်စီလေတပ်က စက်တင်ဘာ ၂၄ ရက် ည ၉ နာရီအချိန်ခန့်မှာ ဗုံးလေးလုံးထက်မနည်းကြဲချခဲ့ပြီး အရပ် သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေမေးမြန်းပြီး လွတ်လပ်သော သတင်းဌာနတွေက ဖော်ပြထားပါတယ်။

တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ အရပ်သားတွေနေထိုင်ရာ ရွာမရွာသစ်ဈေးအနီးကို ဗုံးကြဲခဲ့တဲ့အတွက် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး ဒေသခံအမျိုးသ မီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဗုံးကြဲမှုကြောင့် သေဆုံးသွားတဲ့ ဒေသခံတွေထဲမှာ တောင်ကုတ်မြို့မှ တန်းလွဲရွာမမြို့ကို စစ်ဘေးရှောင်ရန်ရောက်ရှိနေတဲ့ တောင်ကုတ်တက္ကသိုလ် ရူပဗေဒဌာန တတိယနှစ်ကျောင်းသား အသက် ၂၁ နှစ်အရွယ် မောင်အောင်သူရလည်း ပါဝင်တယ်လို့ နိရဉ္စရာ သတင်းဌာနက ဖော်ပြထားပါတယ်။

Western News သတင်းဌာနကဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=987181083421318&id=100063883071441&mibextid=oFDknk&rdid=EcJ2ws2PT0KGxjKs

နိရဉ္စရာ သတင်းဌာနကဖော်ပြထားတဲ့လင့်

https://burmese.narinjara.com/news/detail/66f39968f3fb770b97cf63f4?fbclid=IwY2xjawFnF8RleHRuA2FlbQIxMAABHRpUCX663VpwzO0Qmm1vDzCMmrLVlf0AdHDGWHjTJCVaAeiFU_iDD7suVw_aem_FLAiM_g472EsFucs2o6TNA

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.