မော်စကို ၊အောက်တိုဘာ ၁

အောက်တိုဘာ ၁ ရက်နေ့ စတင်ကာ လကုန်ကျမှ ပြီးဆုံးမယ့် ရုရှားရဲ့ ဆောင်းဦးရာသီ တပ်သားသစ် စုဆောင်းမှုအဖြစ် တပ်ဖွဲ့ဝင် ၁၃၃,၀၀၀ ခေါ်ယူ စုဆောင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ညွှန်ကြားထားကြောင်း ကရင်မလင်နန်းတော်ရဲ့ စက်တင်ဘာ ၃၀ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံပိုင် သတင်းစာ Rossiyskaya Gazeta မှာ ဖော်ပြထားတဲ့ အမိန့်ကြေညာချက်အရ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အတွင်းရှိ ရုရှားနိုင်ငံသားတွေကို တပ်သားသစ်အဖြစ် စုဆောင်းဖို့ တိုက်တွန်းထားပြီး ဖက်ဒရယ်ဥပဒေအရ စစ်မှုထမ်းဥပဒေ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကို အင်အား ၁၃၃,၀၀၀ အထိ စုဆောင်းရမှာ ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။

In this pool photograph distributed by the Russian state agency Sputnik, Russia’s President Vladimir Putin chairs a meeting on a social infrastructure facilities via videoconference in Moscow on September 30, 2024. (Photo by Mikhail METZEL / POOL / AFP)

စစ်မှုထမ်းရမယ့် အချိန်ကာလကတော့ အရင်အတိုင်း မပြောင်းလဲဘဲ ၁၂ လ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ ရုရှားစစ်မှုထမ်း ခေါ်ယူရေးရုံး အကြီးအကဲ ရေတပ် ဗိုလ်ချုပ် ဗလာဒီမာ တီဆန်လန်စကီးက ဆိုပါတယ်။

ဒေသသစ်တွေမှာ အထူးစစ်ဆင်ရေးတွေ ပြုလုပ်ဖို့ တပ်သားသစ်တွေကို ခေါ်ယူတာ မဟုတ်ဘူးလို့ ဗိုလ်ချုပ် တီဆန်လန်စကီးပြောပါတယ်။

ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ အင်အားပြည့် ကျူးကျော် တိုက်ခိုက်ခဲ့ပြီး အထူးစစ်ဆင်ရေးတွေ ပြုလုပ်တာလို့ ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနဲ့ မဟာမိတ်တွေကတော့ ဒါဟာ ဘာမှမသက်ဆိုင်ဘဲ နယ်မြေ သိမ်းယူရေး ကြိုးပမ်းမှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ ရုရှားက ယူကရိန်းနယ်မြေတွေကို သိမ်းယူပြီး သူတို့ရဲ့ ဒေသအသစ်တွေ အဖြစ် ကြေညာခဲ့ပါတယ်။

နိုင်ငံ အနောက်ပိုင်းနယ်စပ်မှာ အန္တရာယ်ပိုများလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုရှားစစ်တပ်ဟာ တပ်ဖွဲ့ဝင် ၁၈၀,၀၀၀ ခေါ်ယူပြီး စုစုပေါင်း စစ်သည်အင်အား ၁ ဒသမ ၅ သန်း ရှိလာအောင် လုပ်ဆောင်ဖို့ သမ္မတ ပူတင်က စက်တင်ဘာလအတွင်းမှာ ညွှန်ကြားခဲ့ပါတယ်။

ဒီအင်အားအထိ ရှိလာရင် ရုရှားစစ်တပ်ဟာ တရုတ်စစ်တပ်ပြီးနောက် ကမ္ဘာမှာ ဒုတိယအင်အား အများဆုံး စစ်တပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ယူကရိန်း စစ်ပွဲမှာ တစ်ဖက်သတ် ရန်လိုနေတဲ့ ပူတင်ကို ယူကရိန်း သမ္မတ ဇီလန်စကီး၊ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ နေတိုး ခေါင်းဆောင်တွေက ပြစ်တင် ရှုတ်ချထားပြီး တခြား အိမ်နီးချင်းနိုင်ငံတွေကိုလည်း အန္တရာယ် ကျရောက်စေတယ်လို့ ပြောဆိုထားကြပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.