September 2024

စပါးစိုက်ဧကသိန်းနဲ့ချီ ရေကြီးပျက်စီးမှုကြောင့် ဆန်ဈေးနှုန်း ကြီးမြင့်လာနိုင်ပြီး ပို့ကုန်ကဏ္ဍပါ ထိခိုက်နိုင်

မော်လမြိုင် ၊ စက်တင်ဘာ ၂၇ နိုင်ငံတဝန်းမှာ တိုင်ဖွန်းရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး ပျက်စီးခဲ့တဲ့အ တွက် လာမယ့်ဆန်စပါးရာသီမှာ ဆန်ဈေးနှုန်းကြီးမြင့်လာနိုင်ပြီး ပို့ကုန်ကဏ္ဍပါ ထိခိုက်နိုင်တယ်လို့ ဆန်လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။ ရေကြီးနစ်မြှုပ်မှုကြောင့် တိုင်းနဲ့ပြည်နယ် ကိုးခုရှိ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး ပျက်စီးခဲ့တယ်လို့ အာဏာသိမ်း ဒုတိယခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စက်တင်…

မြန်မာ့အရေးမတည်ငြိမ်တာ အမေရိကန်ကြောင့်လို့ စစ်ကောင်စီစွပ်စွဲ

နေပြည်တော် ၊ စက်တင်ဘာ ၂၇ အမေရိကန်က မြန်မာ့ပြည်တွင်းရေးကို မတည်မငြိမ်ဖြစ်အောင် ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို ငွေကြေးထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီက စွပ်စွဲလာပါတယ်။ အာဏာသိမ်းမှုအတွင်း နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တွေကို ဆက်တိုက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက မြန်မာပြည်သူလူထုရဲ့ မိတ်ဆွေအစစ်ဖြစ်တဲ့ တရုတ်နိုင်ငံဆိုတဲ့ ခေါင်းစဉ်နဲ့ စက်တင်ဘာ ၂၅…

သံဖြူဇရပ်မှာ စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် လူမှုကူညီရေးအသင်းအများစု ကူညီမှုရပ်နား

သံဖြူဇရပ်၊ စက်တင်ဘာ ၂၈ မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုဖြစ်တဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဝင်တွေ ဖမ်းဆီးခံရပြီးနောက် လူမှုကူညီရေးအသင်းအများစု ကူညီရေးလုပ်ငန်းတွေ ရပ်နားလာကြတယ်လို့ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်းဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ တတိယအပတ်အတွင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်အပါအဝင် အသင်းဝင်ကိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပတ်သက်တာ၊ လက်နက်ပို့ ဆောင်ရာမှာ ပါဝင်ကူညီခဲ့တယ်ဆိုတဲ့…

တနင်္သာရီ ရက်ရှည်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများနေ

တနင်္သာရီ၊ စက်တင်ဘာ ၂၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲမှာ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိ ခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ထံကနေ သိရပါတယ်။ စစ်ကောင်စီဘက်က တပ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် ခြောက်မိုင်ရွာနဲ့ ဘန်လောကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား စက်တင်ဘာ ၄ ရက်နေ့ကစပြီး ၂၂ ရက်နေ့အထိ…

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ် နယ်မြေတွေမှာ ဘာတွေဖြစ်နေလဲ။

“စစ်ဘေးရှောင်တွေ အနေနဲ့ ပြည့်စုံလုံလောက်တဲ့ စစ်ဘေးရှောင်အကူအညီ မရသေးသလိုမျိုး နိုင်ငံတကာ အကူအညီပေးရေး အစုအဖွဲ့တွေကလည်း အခါတိုင်းပြောသလို ဒီထက်ထိရောက်တဲ့ နည်းလမ်းရှာဖို့ နောက်တစ်ခါ မြေပြင်မှာရှိတဲ့ပြည်သူလူထုကို တိုက်ရိုက် အကူအညီပေးနိုင်တဲ့ အစုအဖွဲ့တွေကို တိုက်ရိုက်ကူညီလုပ်ဆောင်ပေးဖို့ ယနေ့အချိန်အထိ ကျွန်တော်တို့ တိုက်တွန်းနှိုးဆော်နေရဆဲပါ” – KHRG ပြောခွင့်ရ စောနန္ဒဆူး အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ် နယ်မြေတွေမှာ စစ်ကောင်စီက…

ပွင့်ဖြူမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ ကူညီသူတွေကို အရေးယူမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြော

မကွေး စက်တင်ဘာ ၂၆ မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့် သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ပါဝင်ကူညီသူတွေကို အရေးယူမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပွင့်ဖြူ-ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကို အားပေးထောက်ခံသူတွေအဖြစ် သတ်မှတ်ပြီး ပြင်းထန်ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ပွင့်ဖြူ ပကဖ က စက်တင်ဘာ ၂၅ ရ​က်မှာ ထုတ်ပြန်ထားတာပါ။ “အဓိကကတော့ Non…

တရုတ်ရဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုကြောင့် နိုင်ငံတကာ စိုးရိမ်

ဘေဂျင်း၊ စက်တင်ဘာ ၂၆ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM တစ်စင်းကို နိုင်ငံတကာ ရေပိုင်နက်သို့ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ တရုတ်က ပြောလိုက်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေက ကန့်ကွက်ခဲ့ကြပါတယ်။ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး စမ်းသပ်ပစ်ခတ်မှု ဖြစ်တဲ့ စက်တင်ဘာ ၂၅ ရက်က ပစ်ခတ်မှုဟာ ဘယ်နိုင်ငံ၊ ဘယ်ပစ်မှတ်အတွက်မှ ရည်ရွယ်တာ မဟုတ်ဘူးလို့ တရုတ်အစိုးရက…

စစ်ကောင်စီနဲ့ သံတမန် ဆက်ဆံရေး ဂျပန် အဆင့်လျှော့ချမယ်

ရန်ကုန်၊ စက်တင်ဘာ ၂၆ ဂျပန်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနေရာမှာ အဆင့်နိမ့်တဲ့ ကိုယ်စားလှယ် တစ်ယောက်နဲ့ အစားထိုး ခန့်အပ်ဖို့ စီစဉ်နေပြီး စစ်ကောင်စီနဲ့ သံတမန် ဆက်ဆံရေး အဆင့်လျှော့ချဖို့ စီစဉ်တဲ့ နောက်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အီချီရို မာရူယာမာဟာ မကြာခင် သူ့ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး…

WFP ထောက်ပံ့တဲ့ စားနပ်ရိက္ခာကို စစ်ကောင်စီမှတဆင့် လှူ ဒါန်းခိုင်းတယ်လို့ လုပ်ကြံဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စစ်ကောင်စီမှတဆင့် ရေဘေးဒဏ်ခံစားနေရတဲ့ လူပေါင်း ၅ သိန်းအတွက် စားနပ် ရိက္ခာတွေ ထောက်ပံ့ပေးသွားမယ်” ဆိုပြီး တပ်လော်ဘီချန်နယ်တွေမှာ…

ရေးမှာ အငြိမ်းစားကျောင်းဆရာတစ်ဦး ရိုက်နှက်ခံရလို့သေဆုံး

ရေး၊ စက်တင်ဘာ ၂၆ မွန်ပြည်နယ် ရေးမြို့ ကလော့လေးဘုန်းကြီးကျောင်းမှာ လာရောက်တည်းခိုနေတဲ့ အငြိမ်းစားကျောင်းဆရာတစ်ဦး ရိုက်နှက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ အသက် ၆၀ ကျော်အရွယ် အငြိမ်းစားကျောင်း ဆရာ ဦးဘုန်းအောင်ကို ကျောင်းနေဘုန်းကြီးတစ်ပါးက ရိုက်နှက်ခဲ့တဲ့အတွက် ဦးခေါင်းမှာပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် ရိုက်နှက်ခံရတဲ့…