အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “ရေး-ထားဝယ် ရထားလမ်းပိုင်းရှိ တံတားတစ်စင်းကို စစ်ကောင်စီတပ် မိုင်းခွဲဖျက်ဆီးမှုကို PDF တွေ မိုင်းခွဲတာ”ဆိုပြီး စစ်ကောင်စီတပ် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာ၊ကြေးမုံနဲ့ တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၂၅ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရေး-ထားဝယ် ရထားလမ်းပိုင်းရှိ တံတားတစ်စင်းကို စစ်ကောင်စီတပ် မိုင်းခွဲဖျက်ဆီးမှုကို PDF တွေက မိုင်းခွဲတာလို့ စွပ်စွဲထုတ်ပြန်ထားတာ ဖြစ်ကြောင်း လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာတဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ် ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ သူတို့အနေနဲ့ အဲဒီသံလမ်းတံတားကို မိုင်းခွဲတာမျိုးမရှိဘူးလို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်းမ်သတင်းဌာနမှာ ဖော် ပြထားပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မောင်မယ်ရှောင်ရွာအပြင်ဘက်တွေအထိ စစ်ကြောင်းထိုးလာပြီး အနီးအနားတစ်ဝိုက်ကို ဒရုန်းနဲ့ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့သလို မိုင်းခွဲခံရတဲ့နေ့က အဲဒီနေရာတစ်ဝိုက်မှာ စစ်ကောင်စီတပ်သားတွေပဲ ရှိနေတာဖြစ်တယ်လို့ ဒေသခံတွေကလည်း တနင်္သာရီတိုင်းမ်သတင်းဌာနမှာ အတည်ပြုပြောဆိုထားပါတယ်။

စက်တင်ဘာ ၂၆ရက်နေ့ကလည်း မောင်မယ်ရှောင်ရွာ ကားလမ်းဘေးရှိ လူမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး ပစ္စည်းတွေ ယူဆောင်သွားကြောင်း ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ခရီးသွား ဒေသခံတွေက Dawei Watch သတင်းဌာနကို ပြောဆိုထားပါတယ်။

တနင်္သာရီတိုင်းမ် သတင်းဌာနကဖော်ပြထားတဲ့ လင့်

Dawei Watch သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/share/p/gm83i2pFVrYpBMQb

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.