အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ အဖမ်းခံရတဲ့ မြန် မာ ၃၀၀ ကျော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖြစ်တယ်”ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လက်အေက်ခံ တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၂၄ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို စက်တင် ဘာ ၂၄ ရက်နေ့မှာ အာဏာပိုင်တွေ ရှောင်တခင် ဝင်ရောက်စစ်ဆေးချိန် အထောက်အထားမဲ့ မြန် မာအလုပ်သမား ၂၆၄ ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ မြန်မာသတင်းဌာနတွေက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခအခြေအနေတွေနဲ့ အလုပ်အကိုင် ရှားပါးတာကြောင့် ထိုင်းနိုင်ငံထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ လာရောက်အလုပ်လုပ်နေတာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်ကွင်းပြင်ပ ခေါ်ထုတ်ပြီး တစ်ယောက်ချင်းစစ်ဆေးရာမှာ အ ထောက်အထား လုံးဝမရှိသူတွေဖြစ်တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ DVB သတင်းဌာနက ဖော်ပြထားပါတယ်။

RFA သတင်းဌာနကဖော်ပြထားတဲ့ လင့်

DVB သတင်းဌာနကဖော်ပြထားတဲ့လင့်

https://burmese.dvb.no/post/670378

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.