CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 75?

ရေး၊ စက်တင်ဘာ ၂၈

မွန်ပြည်နယ် ရေးမြို့ အောင်မေတ္တာရပ်ကွက်ကနေ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုး သမီးနှစ်ဦး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရေးမြို့ခံမနန်းရီနဲ့ မမိုးခိုင်တို့ကို ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းမှာ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ PDF နဲ့ ပတ်သက်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်တွေမှာ အင်အားအလုံး အရင်းနဲ့ ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ဖမ်းဆီးခံ ဒေသခံအမျိုးသမီးနှစ်ဦးကို စက်တင်ဘာနောက်ဆုံးအပတ်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။

နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတဲ့ ရေးဒေသခံ အမျိူးသမီးနှစ်ဦးကို မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အကျဉ်းချထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ရေးမြို့ပေါ် ရပ်ကွက်တွေမှာ PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံငါးဦးမှာလည်း မိသားစုနဲ့အဆက်အ သွယ် ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လတွေကစပြီး ပိတ် ဆို့ စစ်ဆေးတာ၊ ဧည့်စာရင်းစစ်တာ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စက်တင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ ၂၇၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ၂၁၀၀၀ နီးပါး ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.