မကွေး စက်တင်ဘာ ၂၈

မကွေးတိုင်း ဂန့်ဂေါမြို့နယ် အခြေစိုက် ခလရ ၅၀ ကနေ စစ်ကိုင်းတိုင်း ပင်လည်ဘူးဘက်ကို စစ်ကူသွားတဲ့ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦး တိုက်ပွဲမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်မှာ စစ်ကူတွေကို ရဟတ်ယာဉ်နဲ့ ခလရ ၅၀ ထဲကနေ လာရောက် ခေါ်ယူခဲ့တာဖြစ်ပြီးတော့ အဲဒီ ဗိုလ်မှူးကစက်တင်ဘာလ ၂၇ ရက်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သေဆုံးတဲ့သူရဲ့ ဘတ်တံဆိပ်က ဗိုလ်မှူးဘတ်တံဆိပ်ပဲ။ သူက အဲဒီကိုပါသွားတာ စစ်ဦးစီးအနေနဲ့လား၊ ကိုယ်ရေးအရာရှိအနေနဲ့လား မသိရဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသူဟာ ဂန့်ဂေါမြို့ ပျူစောထီးခေါင်းဆောင် P2 ဖိုးဇော်ရဲ့ သမီးဖြစ်သူရဲ့ချစ်သူ ခန့်မင်းကို ဖြစ်တယ်လို့သိရပြီး သူနဲ့အတူ ဗိုလ်မှူးသက်နိုင်အေးနဲ့ ဒုတပ်ရင်းမှူး ရဲရန်ပိုင်တို့ပါ စစ်ကူပို့ဆောင်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

ခ.လ.ရ ၅၀ ကနေ ပင်လည်ဘူးဘက်ကို စစ်ကူ ပို့ဆောင်ခံရတာ အယောက် ၅၀ ဝန်းကျင်ရှိပြီးတော့ ပျောက်ဆုံးနေသူတွေနဲ့ အကျဆုံးများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ ဗိုလ်မှူး ခန့်မင်းကိုရဲ့ စျာပနကို ဒီနေ့ စက်တင်ဘာ ၂၈ ရက်မှာ ခလရ ၅၀ အတွင်းမှာပဲ မီးသဂြိုလ်ခဲ့ပြီးတော့ နံနက်ပိုင်းမှာ ခလရ ၅၀ ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကိုဘကောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.