September 28, 2024

စစ်အာဏာသိမ်း (၁၃၃၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၁၂) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၈ AAPP ရဲ့ စက်တင်ဘာ ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၃၅) ရက်အတွင်း ပြည်သူ (၅၇၁၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၄၆၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပါတီတွေကို ဆန့်ကျင်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီကြေညာ

မော်လမြိုင် ၊ စက်တင်ဘာ ၂၈ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့ အပေါင်းအပါတွေအဖြစ်သတ်မှတ်ကာ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီက စက်တင်ဘာ ၂၇ ရက်နေ့မှာ ကြေညာပါတယ်။ စစ်ကောင်စီက ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီကို စက်တင်ဘာ ၁၇ ရက်နေ့မှာ အဖွဲ့ဝင်…

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ စစ်ကောင်စီကမ်းလှမ်းပေမယ့် တိုင်းရင်းသားနဲ့ တော်လှန်ရေးအဖွဲ့တွေလက်မခံ

နေပြည်တော် ၊ စက်တင်ဘာ ၂၈ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ဖို့ ရက်ပိုင်းအလိုမှာ တော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF အဖွဲ့တွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီက ကမ်းလှမ်းလာပါတယ်။ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေးစတဲ့ကဏ္ဍတွေမှာ အရေးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စက်တင်ဘာ ၂၆ ရက်နေ့…

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အိမ်ရှင်နိုင်ငံရဲ့တည်ဆဲဥပဒေတွေကို လေးစားလိုက်နာသင့်ကြောင်း အလုပ် သမားအဖွဲ့တွေတိုက်တွန်း

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အိမ်ရှင်နိုင်ငံရဲ့တည်ဆဲဥပဒေတွေကို လေးစားလိုက်နာသင့်ကြောင်း အလုပ်သမားအဖွဲ့တွေတိုက်တွန်း ဘန်ကောက်၊ စက်တင်ဘာ ၂၈ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအများစုအပါအဝင် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အာ ဏာပိုင်တွေက စစ်ဆေးဖမ်းဆီးအရေးယူတာတွေ ပိုမိုလုပ်ဆောင်လာနေပြီး မြန်မာရွှေ့ပြောင်းအ လုပ်သမားတွေကို ထိုင်းနိုင်ငံသားအချို့က ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဥပဒေပါ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာကျင့်သုံးနေထိုင်ဖို့ အလုပ် သမားအရေးဆောင်ရွက်သူ ဦးအောင်ကျော်က တိုက်တွန်းပြောကြားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ…

မကွေးတိုင်းဆောမြို့နယ်မှာ တောင်ကျချောင်းရေကြောင့် စစ်ရှောင်သားအမိနှစ်ဦး မျောပါသေဆုံး

မကွေး၊ စက်တင်ဘာ ၂၈ မကွေးတိုင်း ဆောမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းလို့ ဖြစ်ပေါ်လာတဲ့ တောင်ကျချောင်းရေကြောင့် စစ်ရှောင်သားအမိနှစ်ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ၂၅ ရက်နေ့က ပိန်းချောင်းမှာ တောင်ကျချောင်းရေမြင့်တက်လာပြီး ချင်းပြည် နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ မြိုင်ရိပ်ဝေစစ်ရှောင်စခန်းကို ရေဝင်ရောက်ခဲ့တာပါ။ အဲဒီလို ရုတ်တရက် ရေကြီးမှုကြောင့် ချင်းအမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့အငယ်ဆုံးသားဖြစ်သူတို့ဟာ ရေထဲမျောပါသွားကြောင်း၊…