အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စစ်ကောင်စီမှတဆင့် ရေဘေးဒဏ်ခံစားနေရတဲ့ လူပေါင်း ၅ သိန်းအတွက် စားနပ် ရိက္ခာတွေ ထောက်ပံ့ပေးသွားမယ်” ဆိုပြီး တပ်လော်ဘီချန်နယ်တွေမှာ လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ လက်အောက်ခံ တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၂၁ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရာဂီမုန်တိုင်းကြောင့် ရေကြီးမှုဖြစ်ပွားခဲ့တဲ့ ပြည်နယ် ၄ ခုနဲ့ တိုင်းဒေသကြီး ၃ ခုရှိ ရေဘေးသင့် ပြည်သူ ၅ သိန်းအတွက် တစ်လစာ စားနပ်ရိက္ခာတွေကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့WFP က တိုက်ရိုက်ဖြန့်ဝေသွားမယ့်သတင်းကို လွတ်လပ်တဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။

WFP အနေနဲ့ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးဝေရာမှာ မည်သည့်အာ ဏာပိုင်၊ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာမဟုတ်ဘဲ ဒေသခံအဖွဲ့အစည်းတွေ၊ ရပ်ရွာလူထုအသိုင်းအဝိုင်းတွေနဲ့သာ နီးနီးကပ်ကပ် ပူးပေါင်းဆောင် ရွက်သွားမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ကေအိုင်စီသတင်းဌာနကို ပြောကြားထားပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က WFP အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ရေ ဘေးသင့်ပြည်သူ ၅ သိန်းအထိ ကူညီဖို့ လျာထားပြီး ဆန်၊ အားဖြည့်ဘီစကစ်နဲ့ အာဟာရအထောက်အပံ့ တစ်လစာကို WFP ဝန်ထမ်းတွေကိုယ်တိုင် တိုက်ရိုက်ဖြန့်‌ဝေကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။

WFP အဖွဲ့ရဲ့ ထုတ်ပြန်ချက်လင့်

https://www.facebook.com/story.php?story_fbid=921802876650815&id=100064633334296&mibextid=oFDknk&rdid=pOG7I1l28g7Dh6RK

KIC သတင်းဌာနကဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=937270791763133&id=100064406626483&rdid=fTCvS5gMJZSXU4tU

နိရဉ္စရာ သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=936408145192982&id=100064714144852&mibextid=oFDknk&rdid=oM55U9bL8QE6JA4t

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.