အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ PDF တွေ ရေဘေးအကြောင်းပြကာ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ဆက်ကြေးတောင်းနေတယ်”လို့ တပ်လော်ဘီချန်နယ်တွေကနေ ထုတ်ပြန်ချက်အတုတွေနဲ့ ဝါဒဖြန့် သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ လက်အောက်ခံ တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၂၁ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မသမာသူတွေက PDF အမည်သုံးပြုပြီး ဆက်ကြေးတောင်းစာအတုတွေ ဖြန့်ဝေမှုပြုလုပ်နေတဲ့ သတင်းအချက်အလက်တွေကို လွတ်လပ်သော သတင်းဌာနတွေက ဖော်ပြထားပါတယ်။

မန္တလေးက လုပ်ငန်းရှင်တွေဆီကို PDF တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့နာမည်ကို သုံးပြီး အွန်လိုင်းပေါ်ကနေ စာပို့ခြိမ်းခြောက်ကာ ဆက်ကြေးတောင်းတာတွေ ရှိနေတယ်လို့ မန္တလေးမြို့ရှိ လုပ်ငန်းရှင်တွေကို မေးမြန်းကာ မြေလတ်သတင်းဌာနက ဖော်ပြထားပါတယ်။

ဆက်ကြေးတောင်းတဲ့ စာတွေ၊ အသံဖိုင်နဲ့ ဗီဒီယိုဖိုင်တွေ ရောက်ရှိလာပါက လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ကြီးဌာနနဲ့ တိုင်ကြားမှုများဆိုင်ရာကော်မတီ အီးမေးလ်တွေထံ ဆက်သွယ် အသိပေးကြဖို့ အမျိုး သားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=561633386193390&id=100070402003627&mibextid=oFDknk&rdid=YCb8qbXomxbdU0Ln

မြေလတ်သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=838906355033858&id=100067435035288&mibextid=oFDknk&rdid=125mbCg0eo2rRaQx

PVTV သတင်းဌာနကဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=871797971712770&id=100066477263515&mibextid=oFDknk&rdid=paaq5mdRGCodHFqM

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.