အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး ) MDY PDF က မိုးကုတ်မြို့နယ်အ တွင်းရှိ စစ်ရှောင်ပြည်သူတွေကို ဆန်အိတ်နဲ့ ငွေကြေးထောက်ပံ့မှု သတင်းမှား”ဆိုပြီး တပ်လော်ဘီချန်နယ်တွေကနေ ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ လက်အောက်ခံ တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၁၉ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်တွေကို မန္တလေး PDF တပ်ဖွဲ့က ဆန်အိတ် ၅၀၀ နဲ့ ငွေကျပ်သိန်း ၁၅၀ မတည် လှူဒါန်းခဲ့တဲ့သတင်းကို လွတ်လပ်သော သ တင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အလှူငွေနဲ့ ဆန်အိတ်တွေကို အမှန်တကယ် လိုအပ်လျက်ရှိတဲ့ ပြည်သူတွေထံ မန္တလေး PDF ကိုယ်စား မိုးကုတ်မြို့အခြေစိုက် ပရဟိတအသင်း အဖွဲ့တွေက သွားရောက်လှူဒါန်းပေးခဲ့တာ ဖြစ်တယ်လို့ People’s Spring သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မိုးကုတ်မြို့နယ် အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ဖြူရောင်၊ ကျောက်တစ်လုံးကျေးရွာနဲ့ လွယ်မွန်းကျေးရွာတို့က စစ်ဘေးဒုက္ခသည် အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်နဲ့ ငွေကျပ်ငါးသောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) ပြောခွင့်ရ ကိုအော်စမွန်ရဲ့ ပြောဆိုချက်အပေါ် RFA သတင်းဌာနက ဖော်ပြထားပါတယ်။

MDY-PDF အဖွဲ့ ထုတ်ပြန်ချက်လင့်

https://www.facebook.com/story.php?story_fbid=493570120139720&id=100084602090156&rdid=QFuMfLyRdQfjLhFL

People’s Spring သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=857011563164304&id=100065664033865&rdid=IwCMJmxyjIMqrI6V

RFA သတင်းဌာနက ဖော်ပြထားတဲ့လင့်

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.