အမှန်/အမှား

+++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “နောင်ချိုမြို့မဈေး ဗုံးကြဲတိုက်ခိုက်မှုအတွင်း တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်”လို့ စစ်တပ်လော်ဘီတွေ သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ လက်အောက်ခံ တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၂၁ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က လူနေရပ်ကွက်ပေါ် စစ်ကောင်စီတပ်က စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းနဲ့ ဖျက်အားပြင်းဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တဲ့အကြောင်း လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့မဈေးက ဆိုင်ခန်းတချို့နဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူသေဆုံးတာတော့မရှိဘူးလို့ DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် နောင်ချိုမြို့မဈေးကို ပိတ်ထားပြီး ဟင်းချက်စရာကအစ Mobile Market အနေနဲ့ ဈေးရောင်းဈေးဝယ်ပြုလုပ်နေရတယ်လို့ Mizzima သတင်းဌာနမှာ ဖော်ပြထားပါတယ်။

DVB သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://burmese.dvb.no/post/669836?fbclid=IwY2xjawFbnstleHRuA2FlbQIxMAABHTogX41duGPmzgng7O9tw0tjov2b9lInVG6G-iUT6jZ3qaZkrHzY8Yqkhg_aem_wTE2qE8L8z6MA8h7LZ-Rpw

Mizzima သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=862975785976681&id=100067928020493&mibextid=oFDknk&rdid=PoOBv4emqjWLpKLx

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.