တနင်္သာရီ၊ စက်တင်ဘာ ၁၉

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် အမျိုးသမီးသုံးဦးအပါအဝင် အရပ်သားပြည်သူလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျွဲထိန်းကုန်းကျေးရွာထဲကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ကျွဲထိန်းကုန်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ် မဖြူဇင်အေး၊ အသက် ၂၁ နှစ်အရွယ် မောင်နေနိုင်သူ၊ အသက် ၄၀ အရွယ် ဒေါ်စန်းသွယ်၊ အသက် ၅၇ နှစ်အရွယ် ဒေါ်စန်းသီတို့ ထိမှန်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၁၂ ရက်နေ့မှာလည်း ကွင်းသစ်ကျေးရွာထဲ ဒရုန်းနဲ့ထပ်မံဗုံးကြဲခဲ့တဲ့အတွက် ကျေးရွာနေ ဦးသီဟနေအိမ် ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက စက်တင်ဘာ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တနင်္သာမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျွဲထိန်းကုန်း၊ ဆင်ခေါင်း ၊ ၅ မိုင် ၊ ၆ မိုင်၊ ဘန်လော၊ ဘန်သင်နဲ့ သကျက်ကျေးရွာအုပ်စုတို့အတွင်း ဝင်ရောက်လှုပ်ရှားလျက်ရှိပြီး အ ရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်း ရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်းခင်းတို့အတွက် အမိုးအကာတွေ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ KNU က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.