အမှန်/အမှား

+++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ တအာင်းတပ်မ တော် TNLA အကြီးအကဲတချို့နဲ့ မိသားစုဝင်တွေသေဆုံးတယ်” ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေကနေ သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို အာဏာသိမ်း စစ်တပ်လော်ဘီတွေဖြစ်တဲ့ နေပြည်တော်၊ ဟန်ငြိမ်းဦးစတဲ့ တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ စက်တင်ဘာ ၆ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တင်ဘာ ၆ ရက်နေ့ မနက် ၁ နာရီခွဲဝန်းကျင် စစ်ကောင်စီက လေ ယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၁ ဦး သေ ဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေနဲ့ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။

စစ်ကောင်စီ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နမ့်ခမ်းမြို့လယ် ပြည်ထောင်စုလမ်းမကြီးဘေး ရပ်ကွက်တွေဖြစ်တဲ့ ပေါက်နီရပ်ကွက်၊ဟိုကပ်ရပ်ကွက်တို့က နေအိမ်၂၀ နီးပါးပျက်စီးခဲ့ပြီး အဲဒီရပ် ကွက်တွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေ မရှိတဲ့ အရပ်သားတွေနေထိုင်ရာ ရပ်ကွက်တွေ ဖြစ်တယ်လို့ Myanmar now သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ကိုယ်ဝန်ဆောင် အပါအ ဝင် မိသားစုလိုက် သေဆုံးမှု ရှိပြီး ဒေသခံအများအပြား ဒဏ်ရာရရှိကာ နေအိမ်တွေ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ အဆောက် အဦးတချို့ မီးလောင်ပျက်စီးမှု အသေးစိတ်ကို တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဓာတ်ပုံမှတ် တမ်းတွေနဲ့ ဖော်ပြထားပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း ထုတ်ပြန်ချက်လင့်

Myanmar nowသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=904702531692493&id=100064582638283&mibextid=oFDknk&rdid=M24awCcRzwE41gD5

ShwePheeMyay သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=841659334807999&id=100068918215879&mibextid=oFDknk&rdid=us50A8WmqJIPjZgH

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.