August 26, 2024

စစ်အာဏာသိမ်း (၁၃၀၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၅၅) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၇ AAPP ရဲ့ သြဂုတ် ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၀၃) ရက်အတွင်း ပြည်သူ (၅၅၅၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၄၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၆၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ကောင်စီဖော်ဆောင်မယ့် ပြည်သူ့လုံခြုံရေးစနစ် ပြည်သူတွေလက်မခံ

နေပြည်တော် ၊ ဩဂုတ် ၂၇ နိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်သင့်တာကို ဆက်လက်လုပ် ဆောင်မှာ ဖြစ်တာကြောင့် ပြည်သူပါတဲ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ ဩဂုတ် ၂၅ ရက်နေ့က မန္တ‌လေးတိုင်းအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာတွေရှိသူတွေနဲ့ တွေ့ ဆုံပွဲမှာ နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်တပ်ရဲ့ ဦးဆောင်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။ ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး လူတစ်ယောက်ချင်းစီက လုံခြုံရေးအသိစိတ်ရှိရှိနဲ့…

ဗုံးကြဲခံရလို့ ကြာအင်းဆိပ်ကြီး အနန်းကွင်းကျေးရွာ တစ်ရွာလုံးနီးပါးပျက်စီး

ကြာအင်းဆိပ်ကြီး၊ သြဂုတ် ၂၇ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးသွားပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာနဲ့ လွတ်ရှမ်းကျေးရွာအတွင်းမှာ ဩဂုတ်လ ဒုတိယအပတ်လောက်ကနေစပြီး ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း…

တနင်္သာရီမှာ တစ်ရက်အတွင်း စစ်တပ်စခန်းသုံးခု တိုက်ခိုက်ခံရ

တနင်္သာရီ၊ ဩဂုတ် ၂၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ တစ်ရက်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းသုံးခု ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ အောက်ကင်းအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်း၊ တနင်္သာရီတံတားစစ်ဆေးရေးဂိတ်နဲ့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ မိုင်ခလိုဝေ့…

မွန်ပြည်နယ်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ဖို့ စစ်ကောင်စီလူစစုပြီ

မော်လမြိုင်၊ ဩဂုတ် ၂၇ မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် စစ်ကောင်စီဘက်က လူသစ်စုဆောင်းတာနဲ့ လိုက်လံစည်းရုံးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်‌ရေးအဖွဲ့ဝင်တွေဟာ ဩဂုတ်လနောက်ဆုံးအပတ်ကစပြီး ဘီးလင်း၊ သထုံ၊ ချောင်းဆုံနဲ့ ရေးမြို့နယ်တို့မှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် လူသစ်စုဆောင်းနေတာပါ။ အဲဒီလိုလူသစ်စုဆောင်းရာမှာ ယူနီဖောင်းနဲ့ လက်နက်တွေတပ်ဆင်‌ပေးမယ့်အပြင် တစ်ရက်လျှင် ကျပ်…

ဂါဇာ အပစ်ရပ်ရေး ဆွေးနွေးပွဲ သဘောတူညီချက် မရဘဲ ပြီးဆုံး

ကိုင်ရို၊ သြဂုတ် ၂၆ ကိုင်ရိုမြို့မှာ ကျင်းပခဲ့တဲ့ ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကြားဝင် ညှိနှိုင်းပေးသူတွေ တင်ပြတဲ့ အဆိုပြုချက်တွေကို အစ္စရေးကရော ဟားမာ့စ်အဖွဲ့ကပါ သဘောမတူခဲ့တာကြောင့် ဘာသဘောတူညီမှုမှမရဘဲ ပြီးဆုံးခဲ့တယ်လို့ အီဂျစ် လုံခြုံရေး သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။ ၁၀ လကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်ပွဲ အဆုံးသတ်စေရေး အမေရိကန် ဦးဆောင်တဲ့ နောက်ဆုံး ကြိုးပမ်းမှုဟာ…

မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် ကင်းလှည့်

ဘေဂျင်း၊ သြဂုတ် ၂၆ လုံခြုံရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းဖို့ မြန်မာနယ်စပ်အနီးမှာ စစ်တပ်၊ လေကြောင်းနဲ့ မြေပြင် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေ ကင်းလှည့် စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း တရုတ် စစ်တပ်က သြဂုတ် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ အဲဒီ ကင်းလှည့်မှုတွေအတွင်း ရူအီလီ၊ ချန်ကန်းတို့အပြင် မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ အခြားဒေသတွေကို အဓိကထား ကင်းလှည့်ခဲ့တယ်လို့…

မောင်တောမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်တော့မယ်လို့ AA ပြော

မောင်တော၊ ဩဂုတ် ၂၆ ရခိုင်ပြည်နယ် မောင်တောမြို့ဟာ ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မကြာခင်မှာ အလုံးစုံ ထိန်းချုပ်နိုင်တော့မယ့် မြို့တစ်မြို့ ဖြစ်လာတော့မယ်လို့ AA က ဩဂုတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲကို AA က ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပေမယ့် မြို့ ပတ်ဝန်းကျင်ရှိ တပ်စခန်းတွေကို…

သပိတ်ကျင်းမြို့ကို PDF သိမ်းပိုက်

သပိတ်ကျင်း၊ သြဂုတ် ၂၆ မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေ အပြည့်အဝ သိမ်းပိုက်လိုက်ပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁၇ ရက်နေ့ကစပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာ ဖြစ်ကာ သြဂုတ် ၂၅ ရက်နေ့မှာတော့ မြို့တစ်ခုလုံးကို…