August 14, 2024

စစ်အာဏာသိမ်း (၁၂၉၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၀၁) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၁၅ AAPP ရဲ့ သြဂုတ် ၁၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၉၁) ရက်အတွင်း ပြည်သူ (၅၅၀၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၀၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဒေါ်လာနဲ့ရွှေဈေး စံချိန်တင်ထိုးတက်မှုကြောင့် မော်လမြိုင်အိမ်ခြံမြေဈေးကွက် အရောင်းပိတ်

မော်လမြိုင် ၊ ဩဂုတ် ၁၅ မြန်မာငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာမှုနဲ့အတူ ဒေါ်လာနဲ့ရွှေဈေး စံချိန်တင်မြင့်တက်လာပြီးနောက် မွန်ပြည်နယ် မော်လမြိုင်ရဲ့ အိမ်ခြံမြေဈေးကွက် အရောင်းပိတ်ထားကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေါ်လာနဲ့ရွှေဈေးနှုန်းတွေဟာ ဩဂုတ်ဒုတိယပတ်အတွင်းကစတင်ပြီး မြန်မာ့သမိုင်းတစ်လျှောက် တစ်ခါမှမဖြစ်ဖူးတဲ့ အမြင့်ဆုံးဈေးနှုန်းတွေဖြစ်တဲ့ တစ်ဒေါ်လာကို ကျပ် ၇၀၀၀ ကျော်နဲ့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ကျော်တဲ့ အထိ…

သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၆ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

သရက်ချောင်း၊ ဩဂုတ် ၁၅ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းရှိ ပိန်းတောနဲ့ပန်းပြင်ကျေးရွာအ ကြားမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ၆ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ တော်လှန်ရေးအင်အားစုထံကနေ သိရပါတယ်။ သြဂုတ် ၁၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ သရက်ချောင်းဘက်ကနေ ထားဝယ်ဘက်ခြမ်းကို တပ်အင်အား ၃၀ ကျော်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့တွေက…

ကျိုက်ထိုမှာ PDF ထောက်ပို့စွပ်စွဲချက်နဲ့ မောင်နှမနှစ်ဦး ဖမ်းဆီးခံရ

ကျိုက်ထို၊ ဩဂုတ် ၁၅ မွန်ပြည်နယ် ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက်နေ မောင်နှမနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က မောင်ဖြစ်သူကိုပြည့်စုံထွန်းကို လမ်းမှာ ပိတ် ဆို့ဖမ်းဆီးပြီးနောက် သြဂုတ် ၁၃ ရက်နေ့မှာတော့ အမဖြစ်သူကို…

ပြည်သူ့အခြေပြု ပညာရေးကျောင်းပေါင်း ၆၀၀၀ နီးပါး ဖွင့်လှစ်ထားတယ်လို့ NUG ပြော

မော်လမြိုင်၊ ဩဂုတ် ၁၄ နွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း လွတ်မြောက်နယ်တွေနဲ့ စိုးမိုးနယ်မြေတွေမှာ ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာရေးကျောင်းပေါင်း ၆၀၀၀ နီးပါး ဖွင့်လှစ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေဝန်ကြီးဌာနက ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာသင်ခွင့် ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် နွေဦးတော်လှန်ရေးက ရရှိလာတဲ့ လွတ်မြောက်နယ်မြေတွေနဲ့ စိုးမိုးနယ်မြေတွေမှာ မြေပြင်ကျောင်းတွေနဲ့ အွန်လိုင်း ပညာရေးကျောင်းတွေကို…

ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖြုတ်ချခံရ

ဘန်ကောက်၊ သြဂုတ် ၁၄ ထောင်ဒဏ်ကျခံခဲ့ဖူးတဲ့ ရှေ့နေဟောင်း တစ်ဦးကို ဝန်ကြီးများအဖွဲ့မှာ ခန့်အပ်မှုနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက သြဂုတ် ၁၄ ရက်မှာ ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး ဆရီသာဟာ အဲဒီ ဖွဲ့စည်းပုံ တရားရုံး တစ်ခုတည်းက ထုတ်ပယ်တဲ့ ၁၆…

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ဘင်္ဂလားဒေ့ချ် တရားရုံးက လူသတ်မှုနဲ့ အမှုဖွင့်

ဒါကာ၊ သြဂုတ် ၁၄ ပြီးခဲ့တဲ့လမှာ ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုအတွင်း လူတစ်ဦးကို ရဲတပ်ဖွဲ့က သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ချ် တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ထိပ်တန်း အရာရှိဟောင်း ခြောက်ဦးကို လူသတ်မှုနဲ့ သြဂုတ် ၁၃ ရက်မှာ အမှုဖွင့်လိုက်ပါတယ်။ ဒါကာမြို့ရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ ပြည့်နှက်သွားခဲ့ပြီး ဆူပူ အကြမ်းဖက်မှုများ…

တပ်တွင်းအာဏာသိမ်းမှု စစ်ကောင်စီ ငြင်းချက်ထုတ်

နေပြည်တော် ၊ ဩဂုတ် ၁၄ စစ်ကောင်စီကို ဦးဆောင်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပြီး စစ်ဗိုလ်ချုပ်တွေအချင်းချင်း အာဏာသိမ်းမှုဟာ ကောလာဟလသာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ငြင်းချက်ထုတ်ပါတယ်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် ဩဂုတ် ၁၃ ရက်နေ့ ညပိုင်းမှာ တပ်တွင်းအာဏာသိမ်းမှု ဖြစ်ပေါ်တယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာခဲ့တာပါ။ ဒီအပေါ်…

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကြောက်စရာကောင်းလောက်အောင် ပိုများလာတယ်လို့ ကုလ ပြော

ဂျီနီဗာ၊ သြဂုတ် ၁၄ မြန်မာ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ကြောက်စရာ ကောင်းလောက်အောင် ပိုများလာနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက သတိပေးလိုက်ပါတယ်။ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေ၊ ကလေးသူငယ်တွေ အပေါ် စော်ကားမှုတွေဟာ စစ်ကောင်စီ လက်ထက်မှာ ပိုများလာတယ်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ရဲ့…