သပိတ်ကျင်း၊ သြဂုတ် ၁၂
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ကိုးခုအထိ သိမ်းပိုက်ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က သြဂုတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီထဲက သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းတပ်စခန်းကို သြဂုတ် ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/08/351b0775-80d3-4d2c-9ac0-3e84092a2d26.jpg?resize=640%2C480&ssl=1)
မန္တလေး PDF ဟာ သပိတ်ကျင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၄၈ ခြေလျင်တပ်ရင်း၊ ကျောက်ဖြူရွာတပ်စခန်း၊ လိပ်ကျရွာတပ်စခန်း၊ ဇရပ်ကွင်းတပ်စခန်းအပါအဝင် တပ်စခန်း ကိုးခုအထိ သိမ်းပိုက်ရရှိထားပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/08/b412192f-d648-4ddf-bd0e-d9050bdd252a.jpg?resize=640%2C408&ssl=1)
ဒါ့အပြင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/08/cf00d115-1adb-4551-a891-9d34caf17823.jpg?resize=640%2C481&ssl=1)
မန္တလေး PDF အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းမှာ တအောင်းတပ်တော် TNLA နဲ့အတူ မိုးကုတ်၊ စဉ့်ကူး၊မိုးမိတ်အပါအဝင် မြို့ခြောက်မြို့ထက်မနည်း သိမ်းပိုက်ရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MDY PDF