တနင်္သာရီ၊ ဩဂုတ် ၁၃

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်း အသုံးပြုခွင့်ကို ဩဂုတ် ၁၂ ရက်နေ့ကစပြီး ယာယီပိတ်ပင်လိုက်တယ်လို့ တန င်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကစပြီး တနင်္သာရီအခြေစိုက် ခမရ ၅၆၁၊ ခလရ ၅၅၆ နဲ့ အမှတ် ၃၀၆ အမြောက်တပ်ရင်းတွေကို ရိက္ခာလာပို့တာဖြစ်ပြီး လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်တာနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ် ပွားနေတာပါ။

ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေကြား နှစ်ဖက်ထိတွေ့တိုက် ပွဲ ၇ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့သလို ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါအပြင် နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း၂ ဘက်က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီလမ်းပိုင်းတစ်လျှောက်မှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် ပိတ်ပင်ရတာလို့ ဆိုပါတယ်။

အဲ့ဒီလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် စစ်ရေးအရှိန်ကို မြင့်တင်သွားမှာဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေ အန္တရာယ်ကင်းအောင် ပိတ်ပင်ရတာဖြစ်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း၂ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ဟာ တနင်္သာရီအခြေစိုက် တပ်စခန်းတွေကို မရောက်ရှိသေးဘဲ တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီးမှာ ရှိနေပြီး ကင်းပုန်းဝပ်တာတွေနဲ့ စစ် ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကလည်း တနင်္သာရီအခြေစိုက် တပ်စခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီလေတပ်က တနင်္သာမြို့နယ်ရှိ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.