August 12, 2024

စစ်အာဏာသိမ်း (၁၂၈၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၉၆) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၁၃ AAPP ရဲ့ သြဂုတ် ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၈၉) ရက်အတွင်း ပြည်သူ (၅၄၉၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံaခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၈၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

တစ်ရက်လုပ်ခ ကျပ်တစ်ထောင်တိုးပေးမှု အလုပ်သမားတွေဝေဖန်

ရန်ကုန် ၊ ဩဂုတ် ၁၃ အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေချိန် အလုပ်သမားတွေအတွက် အပိုထောက်ပံ့ကြေးအဖြစ် တစ်ရက်လုပ်အားခ ကျပ်တစ်ထောင် တိုးပေးသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီရဲ့ ကြေညာမှုအပေါ် အလုပ်သမားတွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက နေ့စားဝန်ထမ်းနဲ့ နေ့စားအလုပ်သမားတွေကို အရင်ထောက်ပံ့ပေးလျက်ရှိတဲ့ အပိုထောက်ပံ့ ကြေး ကျပ်တစ်ထောင်အပြင် အခုအပိုထောက်ပံ့ကြေး ကျပ်တစ်ထောင်…

တရုတ်လိုလားတဲ့ မြန်မာ့အရေးဆွေးနွေးမှု ဖြစ်လာစရာမရှိဘူးလို့ အကဲခတ်တွေသုံးသပ်

နေပြည်တော် ၊ ဩဂုတ် ၁၃ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို တရုတ်အစိုးရက မမြင်လိုဘဲ ဆွေးနွေးညှိနှိုင်းမှုနဲ့ ပြဿ နာကိုဖြေရှင်းဖို့ ဘက်အသီးသီးကို တိုက်တွန်းမှုအပေါ် လက်ရှိအခြေအနေမှာ ဖြစ်လာစရာမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ တရုတ်အစိုးရက မြန်မာနိုင်ငံမှာ စစ်ဖြစ်နေတာကို မမြင်လိုဘဲ အပစ်ခတ်ရပ်စဲဖို့ ဦးဆောင်ဖျောင်းဖျနေပြီး ဆွေးနွေးမှုနဲ့သာ ဖြေရှင်းရေးနည်းလမ်းကို တက်တက်ကြွကြွ ဆက်လက်တိုက်တွန်းသွားမယ်လို့ ထုတ်ပြောလာတာပါ။ မြန်မာတစ်နိုင်ငံလုံးနဲ့…

သိမ်ဇရပ်မှာ စစ်တပ်လက်နက်ကြီးကျလို့ ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ

ကျိုက်ထို၊ ဩဂုတ် ၁၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အခိုင်ကျေးရွာအနီး စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် တာဝန် ရှိသူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက် တပ်က လက်နက်ကြီးပစ်ခတ်ရာကနေ…

တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်း ခရီးသွားလာခွင့်ယာယီပိတ်

တနင်္သာရီ၊ ဩဂုတ် ၁၃ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်း အသုံးပြုခွင့်ကို ဩဂုတ် ၁၂ ရက်နေ့ကစပြီး ယာယီပိတ်ပင်လိုက်တယ်လို့ တန င်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကစပြီး တနင်္သာရီအခြေစိုက် ခမရ ၅၆၁၊…

သပိတ်ကျင်းက စစ်တပ်စခန်း ကိုးခု သိမ်းပိုက်ထားတယ်လို့ မန္တလေး PDF ပြော

သပိတ်ကျင်း၊ သြဂုတ် ၁၂ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ကိုးခုအထိ သိမ်းပိုက်ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က သြဂုတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲ့ဒီထဲက သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းတပ်စခန်းကို သြဂုတ် ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေး PDF ဟာ သပိတ်ကျင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့…

စစ်အာဏာရှင် ချုပ်ငြိမ်းပျောက်ကွယ်တော့မယ်လို့ KNU ဥက္ကဋ္ဌ ပြော

မော်လမြိုင်၊ သြဂုတ် ၁၂ ပြည်သူလူထုရဲ့ ဆန့်ကျင်တိုက်ပွဲဝင်မှုတွေ အရှိန်အဟုန်ပြင်းထန်လွန်းတဲ့အတွက် စစ်အုပ်စုဟာ ထိန်းမနိုင်တော့တဲ့ အခြေအနေကို ရောက်နေသလို စစ်အာဏာရှင် ချုပ်ငြိမ်းကွယ်ပျောက်တော့မယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၇၄ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ကို ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက သဝဏ်လွှာပေးပို့ရာမှာ အခုလို…

အရှေ့အလယ်ပိုင်းသို့ ရေငုပ်သင်္ဘောတစ်စီး အမေရိကန် စေလွှတ်

ဝါရှင်တန်၊ သြဂုတ် ၁၂ အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က ပဲ့ထိန်း ဒုံးကျည်တပ် ရေငုပ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းမှာ ချထားရေး ညွှန်ကြားထားပါတယ်။ ယူအက်စ်အက်စ် အေဗရာ ဟန်လင်ကွန်း လေယာဉ်တင်သင်္ဘော ပါဝင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်အုပ်စုကိုလည်း အဲဒီဒေသဆီကို ပိုပြီး မြန်မြန်ဆန်ဆန် သွားရောက်ရေး ဝန်ကြီး အော်စတင်က ညွှန်ကြားထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်…

အီရန်ရဲ့ လုံခြုံရေးအတွက် ခုခံကာကွယ်မှုကို တရုတ် ထောက်ခံ

ဘေဂျင်း၊ သြဂုတ် ၁၂ အီရန်ရဲ့ အချုပ်အခြာ အာဏာ၊ လုံခြုံရေးနဲ့ နိုင်ငံတော် ဂုဏ်သိက္ခာ အတွက် ခုခံကာကွယ်ရာမှာ တီဟီရန်ကို တရုတ်က ထောက်ခံကြောင်း သြဂုတ် ၁၁ ရက်က ဖုန်းခေါ်ဆိုမှု တစ်ရပ်အတွင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက အီရန် ယာယီ နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁…