August 9, 2024

စစ်အာဏာသိမ်း (၁၂၈၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၁၀ AAPP ရဲ့ သြဂုတ် ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၈၆) ရက်အတွင်း ပြည်သူ (၅၄၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံaခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၇၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၄၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ရွှေနဲ့နိုင်ငံခြားငွေဈေး သမိုင်းတစ်လျှောက် စံချိန်တင်မြင့်တက်

မော်လမြိုင် ၊ ဩဂုတ် ၁၀ ပြည်တွင်းမငြိမ်မသက်မှုနဲ့အတူ မြန်မာငွေတန်ဖိုးဆက်တိုက် ကျဆင်းနေတဲ့အတွက် ရွှေနဲ့နိုင်ငံခြား ငွေဈေးနှုန်းဟာ သြဂုတ်လ ဒုတိယအပတ်အတွင်း သမိုင်းတစ်လျှောက် တစ်ခါမှမဖြစ်သေးတဲ့ စံ ချိန်တင်ဈေးနှုန်းမြင့်တက်လာတာပါ။ ဇူလိုင်လပထမအပတ်က တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်သာ ရှိနေတဲ့ အမေရိကန်ဒေါ်လာဈေးဟာ သြဂုတ် ၉ ရက်နေ့မှာ ကျပ် ၆၀၀၀ ဝန်းကျင်အထိ စံချိန်တင်ဈေးနှုန်းမြင့်တက်လာတာပါ။ ထိုင်းဘတ်ငွေဈေးက…

ရှမ်းမြောက်တိုက်ပွဲ အရှိန်ကောင်းချိန် တရုတ်အထူးကိုယ် စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့တွေ့ဆုံ

နေပြည်တော် ၊ ဩဂုတ် ၁၀ ရှမ်းမြောက်တိုက်ပွဲ အရှိန်ကောင်းနေချိန် တရုတ်နိုင်ငံရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စား လှယ် မစ္စတာတိန့်ရှီကျွင်းက ဩဂုတ် ၈ ရက်နေ့မှာ စစ်ခေါင်းဆောင်ထံ လာရောက်တွေ့ဆုံပြီး မြန်မာ့အရေး ထပ်မံဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးအပြီး တရုတ်နယ်စပ်မှာရှိတဲ့ လက်နက်စက်ရုံတွေရဲ့ ငွေကြေးနဲ့ နည်းပညာ ထောက်ပံ့မှုတွေကို ဆန်းစစ်သွားမယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောပြီးနောက်…

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေ ဘေးကင်းဖို့ ပဋ္ဌာန်းပွဲထပ်မံကျင်းပနေ

မော်လမြိုင် ၊ ဩဂုတ် ၁၀ မွန်ပြည်နယ် တည်ငြိမ်အေးချမ်းစေဖို့နဲ့ စစ်ကောင်စီတပ်သားတွေ ဘေးကင်းစေဖို့အတွက်ဆိုပြီး စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်ကာ မော်လမြိုင်မြို့မှာ အ သံမစဲမဟာပဋ္ဌာန်းပွဲ ထပ်မံကျင်းပနေတယ်လို့ သိရပါတယ်။ အသံမစဲ မဟာပဋ္ဌာန်းပွဲကိုတော့ မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ရှိ ကျိုက်သလ္လံစေတီတော်ရဲ့ ပဋ္ဌာန်းဓမ္မာရုံမှာ ဩဂုတ် ၇ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၉…

ရေးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦး သေဆုံးတယ်လို့ မွန်ပြည်သစ် AD ပြော

ရေး ၊ သြဂုတ် ၁၀ မွန်ပြည်နယ် ရေးမြို့နယ် မြို့ဟောင်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က သတင်းထုတ်ပြန်ပါ တယ်။ သြဂုတ် ၈ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ တပ်အင်အား ၁၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်…

နိုင်ငံတဝန်းမှာ လေးလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၀၀ ကျော်ရှိတယ်လို့ PMCSG ပြော

စစ်ကိုင်း၊ ဩဂုတ် ၉ စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ မြှင့်မားလာတာနဲ့အမျှ ပြီးခဲ့တဲ့နှစ် နောက်ဆုံး လေးလအတွင်း တိုင်းဒသကြီးသုံးခုမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၀၀ ကျော်ရှိခဲ့တယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ PMCSG က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ…

ဘင်္ဂလားဒေ့ချ် အိမ်စောင့်အစိုးရ ကျမ်းသစ္စာ ကျိန်ဆို

ဒါကာ၊ သြဂုတ် ၉ သီတင်းပတ်များစွာကြာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ချ်နိုင်ငံကို ဦးဆောင်မယ့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနာ့စ် ဦးဆောင်တဲ့ အိမ်စောင့်အစိုးရအဖွဲ့ဟာ သြဂုတ် ၈ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီဖြစ်ပါတယ်။ ဆင်းရဲသားများအတွက် ဘဏ်လုပ်ငန်းရှင်လို့ လူတွေ သိထားကြတဲ့ ပါမောက္ခ ယူနာ့စ်ဟာ ကမ္ဘာမှာ အသေးစား…

သံတွဲထောင်က နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ကို AA နေရပ်ပြန်ပို့

သံတွဲ၊ ဩဂုတ် ၉ ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်က ကယ်ထုတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးကို သြဂုတ် ၆ ရက်နေ့ကစပြီး မိသားစုဝင်တွေဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဩဂုတ် ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သံတွဲမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် သံတွဲအကျဉ်းထောင်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၆…

မြန်မာ့ပြဿနာ ဖြေရှင်းရေး အာဆီယံ သုံးနိုင်ငံ အပေါင်း ဆွေးနွေးဖို့ ပြင်ဆင်

ဘန်ကောက်၊ သြဂုတ် ၉ မြန်မာ့ပြဿနာ ဖြေရှင်းရေး အာဆီယံ သုံးနိုင်ငံ အပေါင်း အစည်းအဝေးကို ယခုနှစ် အာဆီယံ အစည်းအဝေးပြီးနောက်မှာ ကျင်းပနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဗီယန်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံ ဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို ယခုနှစ်…

မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားရာနေရာတွေကနေ ပြောင်းရွှေ့ကြဖို့ နိုင်ငံသားတွေကို ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန သတိပေး

ဟနွိုင်း၊ ဩဂုတ် ၉ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ၊ အရှေ့အလယ်ပိုင်းနဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံတွေမှာရှိတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေ၊ မတည်ငြိမ်ဖြစ်နေတဲ့ ဒေသတွေကနေ နေရာပြောင်းရွှေ့ကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဒိုအန်ခါဗီယက်က အဲဒီဒေသတွေမှာ သူတို့နိုင်ငံသားတွေရဲ့ ကာကွယ်ရေးအတွက် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့…