မကွေး၊ ဇူလိုင် ၂၃
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ကျေးရွာနှစ်ရွာကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။
စလင်းမြို့နယ် ကူရင်းချောက်နဲ့ ငလှိုင်တွင်းကျေးရွာတွေကို ဇူလိုင် ၂၃ ရက်၊ ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တာပါ။
“အထိအခိုက် အသေအဆုံးတော့ အတည်ပြုဖို့ခက်သေးတယ်။ စက်လက်နဲ့ရော ပစ်တာ၊ လေကြောင်းကနေလည်း ဗုံးကြဲတယ်” လို့ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်တယ်လို့ ကနဦးသိထားပြီး ဆက်လက် အတည်ပြုဖို့ကြိုးစားနေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ငလှိုင်တွင်းကျေးရွာမှာ တပ်စွဲခဲ့ဖူးပြီး စလင်းမြို့နယ်ကို လေကြောင်း တိုက်ခိုက်တာ ဒါဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လပထမပတ်အထိ စလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေမကြာခဏ လှုပ်ရှားနေခဲ့တာဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့မှုတွေလည်းရှိခဲ့ကာ အရာရှိအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးထားတယ်လို့ ဆိုပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media
ပုံစာ – ပြီးခဲ့တဲ့မေလအတွင်း ငလှိုင်တွင်းရွာရှိ စစ်ကောင်စီ စွန့်ခွာသွားတဲ့ တပ်စခန်းနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့စဉ်။