မော်လမြိုင်၊ ဇူလိုင် ၁၈

တစ်ကျော့ပြန်စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေမှာ အလင်းဝင်လာတဲ့ စစ်ကောင် စီတပ်သားတွေကို ယူဆောင်လာတဲ့ လက်နက်အမျိုးအစားအပေါ် မူတည်ပြီး ကျပ် ၁၀ သိန်းကနေ သိန်းတစ်သောင်းအထိ ဆုငွေချီးမြှင့်မယ်လို့ ကိုးကန့်အဖွဲ့ MNDAA က ဇူလိုင် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ စစ်သည်အဆင့်မှ ဗိုလ်ကြီးအဆင့်ရှိသူတွေ မိမိဆန္ဒအလျောက် လက်နက်ချအလင်း ဝင်လာသူတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ အသက်အာမခံချက် အပြည့်အဝပေးမယ့်အ ပြင် သတ်မှတ်ထားတဲ့ ရာထူးအလိုက် ဆုငွေ ကျပ် ၁၀ သိန်းမှ ၃၅ သိန်းအထိ ပေးအပ်ချီးမြှင့်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ ယူလာသူတွေ၊ စခန်းအတွင်း လက်နက်ကြီးကို ကောင်းမွန်စွာထိန်းသိမ်းထားကာ အလင်းဝင်လာသူနဲ့ စစ်ကောင်စီတပ် အသုံးပြုလို့မရအောင် ဖျက်ဆီးခဲ့ပြီး အ လင်းဝင်လာသူတွေကိုလည်း ဆုချီးမြှင့်မယ်လို့ MNDAA က ကြေညာထားပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ သံချပ်ကား၊ တင့်ကားနဲ့ အခြားကုန်းလမ်းသုံး အကြီးစားစစ်ရေးကိရိယာတွေ ယူဆောင်လာသူတွေကို ငွေကျပ်သိန်းတစ်ထောင် ချီးမြှင့်မယ့်အပြင် ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ်နဲ့ အခြားလေယာဉ်တွေ ယူဆောင်လာပါက ဆုငွေကျပ်သိန်းတစ်သောင်းအထိ ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်သားတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ကိုစွန့်ခွာပြီး အလင်းဝင်ရောက်ကြဖို့နဲ့ အလင်းဝင်လာတဲ့သူတွေကိုလည်း ဆုကြေးငွေ ချီးမြှင့်မှာဖြစ်တာကြောင့် ပြည်သူ့ရင်ခွင်ထံ ပြန်လည်ဝင်ရောက်ကြဖို့ MNDAA က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MNDAA/MDY PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.