တီခနက်ဖ်၊ ဇူလိုင် ၁၇

လက်နက်ကိုင်တပ်တွေရဲ့ ထိုးဖောက်တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ချ် ပိုင်နက်ထဲကို ထွက်ပြေးလာတဲ့ မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို တားဆီးပြီး ပြန်လွှတ်ခဲ့ကြောင်း နယ်စပ်ရှိ မြစ်အနီး အခြေစိုက်တဲ့ ဒေသဆိုင်ရာ အစိုးရအရာရှိ တစ်ဦးက ဇူလိုင် ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင့်တပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။

မြန်မာတပ်ဖွဲ့ဝင် ရာပေါင်းများစွာဟာ အရင်ကလည်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံထဲ ဝင်ရောက် ခိုလှုံခဲ့ကြပေမယ့် သူတို့ကို ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ်ပိုင်းအကြာမှာ စစ်ကောင်စီ စီစဉ်ပေးတဲ့ လေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်မှာ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၆၆ ဦးထက်မနည်းဟာ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားချိန်မှာ ချက်ချင်းပြန်နှင်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

FILE PHOTO: A Myanmar border guard police officers stand guard in Buthidaung, northern Rakhine state, Myanmar July 13, 2017. REUTERS/Simon Lewis/File Photo

အဲဒီ စစ်သားတွေဟာ လှေနှစ်စီးနဲ့ တီခနက်ဖ် ဒေသထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် ကမ်းခြေစောင့်တပ်က သူတို့ကို တားဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ချ် အရှေ့တောင်ပိုင်း တီခနက်ဖ်မြို့ ကောင်စစ်ဝန် မူဂျီဘာ ရာမန်က ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ချ် ကမ်းခြေစောင့်တပ်နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေက မှတ်ချက်ပေး တုံ့ပြန်တာမရှိသေးပါဘူး။

အခုနှစ်အတွင်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ စစ်သား ၈၅၀ ဦး အထိကို ဘင်္ဂလားဒေ့ချ်က လက်ခံခဲ့ကြောင်း အမည်မဖော်လိုတဲ့ အစိုးရ အရာရှိ တစ်ဦးက ပြောပါတယ်။

အဲဒီထဲက ၇၅၂ ဦးကို မြန်မာနိုင်ငံဆီ ပြန်လည်လွှဲအပ်ပြီး ဖြစ်ကြောင်း နောက်ထပ် ၁၀၀ လောက်ဟာလည်း ပြန်လည်ပို့ဆောင်ဖို့ အခြေအနေကို စောင့်ဆိုင်းနေကြောင်း အဲဒီအရာရှိက ပြောပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.