FILE PHOTO: Lee Jae-myung, leader of the main opposition Democratic Party, attends an event to disband the election camp for the 22nd parliamentary election in Seoul, South Korea, April 11, 2024. REUTERS/Kim Hong-Ji/File photo

ဆိုးလ်၊ ဇွန် ၁၃

တောင်ကိုရီးယားနိုင်ငံက အဓိကအတိုက်အခံ ခေါင်းဆောင် လီဂျေးမြောင်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူနေစဉ်ကာလအတွင်း မြောက်ကိုရီးယားသို့ ငွေလွှဲပို့ရေးအတွက် အတွင်းခံ ဘောင်းဘီ ကုမ္ပဏီတစ်ခုကို အသုံးပြုခဲ့တယ်ဆိုတဲ့ လိမ်လည်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ပြုံးယမ်းသို့ သွားရောက်ခဲ့မှုတို့နဲ့ ပတ်သက်ပြီး ဇွန် ၁၂ ရက်နေ့မှာစွဲချက်တင်ခံလိုက်ရပါတယ်။

ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေးမြောင် ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်နေချိန်မှာ သူ့ရဲ့ လက်ထောက်အရာရှိဟာ လာဘ်ပေးလာဘ်ယူမှု၊ Ssangbangwool Group ကုမ္ပဏီနဲ့ ပူးပေါင်းကြံစည်ပြီး မြောက်ကိုရီးယားသို့ တရားမဝင် ရန်ပုံငွေ ကန်ဒေါ်လာ ၈ သန်း လွှဲပို့မှုတို့အတွက်အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိထားပြီး ဖြစ်ပါတယ်။

Ssangbangwool Group ကုမ္ပဏီဟာ အတွင်းခံလုပ်ငန်းကို ကနဦး လုပ်ကိုင်ပြီးနောက် အခြားနယ်ပယ်တွေအထိ ချဲ့ထွင်လာခဲ့တဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်အကြား ဖြစ်ပျက်ခဲ့တဲ့ အဲဒီအစီအစဉ်ကို မိမိအနေနဲ့ သိလည်း မသိသလို ပါဝင်ပတ်သက်မှုလည်း မရှိဘူးလို့ ပါတီခေါင်းဆောင်လီက ငြင်းချက်ထုတ်ထားပါတယ်။

ဒါပေမဲ့ အဲဒီအစီအစဉ်နဲ့ မိမိရဲ့ ပြုံးယမ်းခရီးစဉ်ဟာ မြောက်ကိုရီးယားနဲ့ စီးပွားရေးစီမံကိန်းတွေကို အားပေးရေးရည်ရွယ်တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

အဲဒီခရီးစဉ်ကြောင့်ပဲ ခေါင်းဆောင်လီဟာ ထွန်းသစ်စနိုင်ငံရေးသမား တစ်ယောက်ရဲ့ ရပ်တည်နိုင်မှု ဆုံးရှုံးခဲ့ရပါတယ်။

သူ့ကို ဖမ်းဆီးဖို့ ဝရမ်းတောင်းတာကို တရားရုံးက ပယ်ချခဲ့ပြီး ခေါင်းဆောင်လီက အဲဒီစွဲချက်တွေဟာ စိတ်ကူးယဉ် ပြောဆိုစွပ်စွဲထားတာဖြစ်ပြီး မိမိအနေနဲ့ အဲဒီလောက် မရူးမိုက်ဘူးလို့ ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့ဖူးပါတယ်။

ခေါင်းဆောင်လီဟာ ၂၀၂၂ ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ရာမှာ ယောင်ဆွတ်ယိုကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ပါတယ်။

ခေါင်းဆောင်လီဟာ ၂၀၂၇ ခုနှစ်မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ အဓိကပြိုင်ပွဲဝင်တစ်ဦး ဖြစ်လာမယ်လို့ အများက မျှော်လင့်ထားသူ ဖြစ်ပါတယ်။

သူဟာ ဆိုးလ်မြို့ အနီးရှိ မြို့တစ်မြို့ရဲ့ မြို့တော်ဝန် ရာထူးထမ်းဆောင်ချိန်က ထွက်ပေါ်လာခဲ့တဲ့ သီးခြားအကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြား ပထမဆုံး စေ့စပ်ညှိနှိုင်းမှုတွေကို ၂၀၀၀ ပြည့်နှစ်မှာ စတင်ခဲ့ပြီး ညှိနှိုင်းစေ့စပ်မှုကာလ အစပျိုးမှု အဖြစ် ချီးကျူးခံခဲ့ရပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားနဲ့ စီးပွားရေးအရ ပူးပေါင်းလုပ်ကိုင်ခွင့် အထူးခွင့်ပြုချက်ရရှိထားတဲ့ Hyundai Group က တဆင့် တောင်ကိုရီးယား အရာရှိတွေက မြောက်ကိုရီးယားသို့ ငွေတွေ လွှဲပို့မှုနဲ့ အပြစ်ပေးခံရ ပြီးနောက် စေ့စပ်ညှိနှိုင်းမှု ပျက်ပြယ်သွားခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.