မုံရွာ၊ ဇွန် ၁၃

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်း ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါ တယ်။

အင်အား ၄၀ ဝန်းကျင် တပ်စွဲထားတဲ့ အဲဒီရှေ့တန်းကာကင်းစခန်းကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ အကြာမှာပဲ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။
¬¬
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ စခန်းစွန့်ခွာ ထွက်ပြေးခဲ့တဲ့အတွက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်သား ၅ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားရှိပြီး သက်ဆိုင်ရာကို လွှဲပြောင်း အပ်နှံနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.