ထားဝယ်၊ ဇွန် ၁၃

လုံခြုံရေးတင်းကျပ်ထားတဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ စစ်ကောင်စီစစ် ဆေးရေးဂိတ်ဟာ ဇွန် ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ထပ်မံတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို ဒေသအခြေစိုက် တော်လှန်ရေအင်အားစုတွေက အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်နီးပါးကြာ ဖြစ်ပွားပြီးနောက် တော် လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့ဘက်က ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ထားဝယ်ဆေးရုံထံ ပို့ဆောင်ထားကြောင်း သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်က အိမ်ရှေ့ပြင်ရပ်ကွက်အနီး ပတ်ဝန်းကျင်ကို လက် နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုတွေ ကျုးလွန်ခဲ့ပြီး ဒေသခံပြည်သူ ထိခိုက်မှုရှိ မရှိ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကလည်း အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.