မန်တုံ၊ ဇွန် ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ စစ်ရှောင်စခန်းမှ ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေ ထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL A က ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၁၁ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ တပ်မဟာ (၃) စစ်ဒေသ မန်တုံမြို့ စစ်ရှောင်စခန်းမှ က လေးတစ်ဦးဟာ စစ်ကောင်စီရဲ့ အမှတ် ၁၃၀ တပ်စခန်းဟောင်းအနီးမှာ မှိုသွားရှာချိန် မြေမြုပ်မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

မြေမြုပ်မိုင်းနင်းမိတာကြောင့် အသက် ၁၆ နှစ်အရွယ် မိုင်းယာလေးဟာ ခြေတောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့ပြီး မန်တုံဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ TNLA က ဆိုပါတယ်။

ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်လက် ကျန်ပစ္စည်းတွေဖြစ်တဲ့ မြေမြှုပ်မိုင်းတွေအပြင် စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကလည်း ကျောက်မဲမြို့ ပန်လော့ကျေးရွာမှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ဒေသခံအမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.