မော်လမြိုင်၊ ဇွန် ၁၁

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းက စစ်ကောင်စီရဲ့ သပြေကန်စစ်ဆေးရေးဂိတ်နဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဇွန် ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ပဲခူးတိုင်း ဝေါမြို့နယ် သပြေကန်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့ပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်ဆေးရေးဂိတ်ကို လက်နက်ကြီး ၄၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

သပြေကန်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာ ဒရုန်းဗုံးသီးတွေဟာ ဂိတ်အနီးရှိ ကုက္ကိုပင်အပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့် မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်ဟာ ဂိတ်အနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဆေးရေးဂိတ်တွေ တိုက်ခိုက်ခံရပြီးနောက် ဇွန် ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး ကျိုက်ထိုအခြေ စိုက် စစ်ကောင်စီတပ်ရင်းတွေကနေ မုက္ခမော့၊ စစ်ကွင်းနဲ့ခရွဲကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာအနီးရှိ မုပ္ပလင်စစ်ဆေးရေးဂိတ် လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.