မကွေး၊ ဇွန် ၁၀

မကွေးတိုင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ သွားလာရာမှာ စစ်ကောင်စီတပ်သားတွေရဲ့ဖမ်းဆီးခြင်းခံရပါက သက်ဆိုင်ရာဌာနက တာဝန်မယူဘူးလို့ Non-CDM တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

မကွေးတိုင်းအတွင်း စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက ပေါ်တာဆွဲတာ၊ ရှောင်တခင်ဖမ်းဆီးတာတွေ လုပ်ဆောင်နေချိန်မှာ ရုံးလုပ်ငန်းဆိုင်ရာခရီးသွားလာခြင်းမဟုတ်ဘဲ ဖမ်းဆီးခံရပါက သက်ဆိုင်ရာဌာနက တာဝန်မယူဘူးလို့ ပြောကြားထားတာလည်းဖြစ်ပါတယ်။

“အဲဒီလို တာဝန်နဲ့မဟုတ်ဘဲ သွားလို့ ဖမ်းဆီးခံရရင် ကိုယ့်ဘာကိုယ်ဖြေရှင်းရဖို့ လက်မှတ်ထိုးထားရတယ်။ ဒီတလျှောက်မှာလည်း ဖမ်းဆီးခံရတဲ့အထဲ ဝန်ထမ်းတွေလည်းပါတယ်။” လို့ Non-CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဇွန်လ ပထမပတ်အတွင်း စလင်းနဲ့ ပွင့်ဖြူမြို့နယ်တွေမှာ စစ်မှုထမ်းဥပဒေနဲ့ VPN ကိုအ‌ကြောင်းပြုပြီး လူဦးရေ ၈၀ နီးပါးဖမ်းဆီးခံခဲ့ရကာ ဖမ်းဆီးခံရသူတွေထဲမှာ Non-CDM ဝန်ထမ်း ငါးဦးထက်မနည်းပါရှိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေထဲက လူဦးရေ ၄၀ ဝန်းကျင် ပြန်လည်လွတ်မြောက်လာပြီးတော့ သူတို့အထဲက တချို့ကို ငွေကျပ် ငါးသိန်းကနေ ၁၅ သိန်းဝန်းကျင်၊ တချို့က လိုအပ်ရင်စစ်မှုထမ်းရမယ်ဆိုတဲ့ ခံဝန်တွေထိုးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက မကွေးတိုင်းအတွင်း စစ်မှုထမ်းမဲ​​ပေါက်သူတွေရဲ့နေအိ​မ်ကို အတင်းအကြပ်လာရောက်ဖမ်းဆီးခေါ်ဆောင်တာ မဲပေါက်သူမတွေ့ရင် မိသားစုတွေကိုဖမ်းဆီးတာတွေဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် နှာခေါင်းစည်း မတပ်ရ၊ ဘေးလွယ်အိတ်မလွယ်ရ၊ ဆိုင်ကယ်နှစ်ယောက်မစီးရအမိန့်တွေကိုလည်း ထုတ်ပြန်ထားပြီး မလိုက်နာပါက ပစ်သတ်မယ်လို့ခြိမ်းခြောက်ထားသလို ဖမ်းဆီးခံရပါကလည်း စစ်မှုထမ်းဖို့ လက်မှတ်ထိုးရကာ ငွေကျပ် သိန်းဆယ်ဂဏန်းပေးမှပြန်လည်လွှတ်ပေးတာတွေလုပ်ဆောင်နေတာပါ။

သတင်း-သံလွင်တိုင်းမ်

ဓါတ်ပုံ – Social Media

All reactions:

134134

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.