ရေဖြူ၊ ဇွန် ၉

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီးရှိ မိကျောင်းလှောင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ ခံတွေထံက သိရပါတယ်။

ဇွန် ၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက် ကြီး ပစ်ခတ်ရာမှ မိကျောင်းလှောင်ကျေးရွာထဲ လက်နက်ကြီး နှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာ အိပ်နေတဲ့ အသက် ၄၀ အရွယ် ဒေါ်သန်းဆင့်ဟာ ဝမ်းဗိုက်ကျည်စ ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။

လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံအမျိုးသမီးကို ညတွင်းချင်းဆေးရုံပို့ဖို့ စီစဉ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လမ်းပိတ်ထားတဲ့အတွက် မနက်ရောက်မှ ဆေးရုံပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီနေ့က ရေဖြူမြို့နယ် ရာဖူးရွာသစ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ပြီးနောက် အခြေစိုက်စစ်ကောင်စီတပ်ရင်းတွေကနေ အရပ် သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရာဖူးရွာသစ်ကျေးရွာက လသားအရွယ် က လေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.