May 2024

ပုလောတိုက်ပွဲမှာ PDF ရဲဘော်တစ်ဦးကျဆုံးပြီး ကိုးဦးဒဏ်ရာရ

ပုလော၊ မေ ၄ တနင်္သာရီတိုင်း ပုလောမြို့နယ် ထမင်းမစားကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်တစ်ဦးကျဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင် အားစု နဂါးမဲစစ်ကြောင်းထံကနေ သိရပါတယ်။ မေ ၂ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ တပ်အင်အား ၄၀ ဝန်းကျင်နဲ့ ထမင်းမစားကျေးရွာစာသင် ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက…

ဘုတ်ပြင်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး မိန်းကလေးငယ်တစ်ဦး ခြေထောက်ပြတ်

ဘုတ်ပြင်း၊ မေ ၃ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် လေညာကျေးရွာမှာ မေ ၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ မိန်းကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ လေညာကျေးရွာနေ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် မမိစုဟာ နေအိမ်ကနေ တညင်ရွက်ခူးဖို့ သွားစဉ် စစ်ကောင်စီရဲ့ ခမရ ၅၆၀…

တောင်တရုတ်ပင်လယ်အရေး ရန်စမှုကြောင့် တရုတ်သံအမတ်ကို ဖိလစ်ပိုင်ဆင့်ခေါ်

မနီလာ၊ မေ ၄ ဖိလစ်ပိုင်သင်္ဘောတွေကို တရုတ်က မီးသတ်ပိုက်တွေ သုံးပြီး တားဆီးမှုကို ကန့်ကွက်ကြောင်း ဖိလစ်ပိုင်အစိုးရက မေ ၂ ရက်နေ့မှာ တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး ပြောကြားခဲ့ပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ လုပ်ရပ်တွေဟာ အနှောင့်အယှက်ဖြစ်စေပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်က မီးသတ်ပိုက်တွေသုံးပြီး ဖိလစ်ပိုင်သင်္ဘောတွေကို တားဆီးနေသလို အခြားရန်စမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင်ကပြောကြားပြီး…

မြန်မာဒုက္ခသည်ပထမအသုတ်ကို အိန္ဒိယက နေရပ်ပြန်ပို့

ဂူဝါဟက္တီ၊ မေ ၃ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ခိုလှုံဖို့ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေထဲက ပထမဆုံးအသုတ်ကို မေ ၂ ရက်နေ့မှာ နေရပ်ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။ ပြန်လည်ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး သီတင်းပတ်များစွာ ကြိုးပမ်းခဲ့ပေမယ့် အိမ်နီးချင်းမြန်မာ နိုင်ငံမှာ စစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အနှောင့်အ ယှက် ဖြစ်ခဲ့ရပြီးနောက် ပထမဆုံးအသုတ်ကို ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း…

တနင်္သာရီမှာ စစ်ကောင်စီတပ်ကြပ်ကြီးနှစ်ဦး လက်နက်နဲ့အလင်းဝင်

တနင်္သာရီ၊ မေ ၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်ကြပ် ကြီးစာရေးအဆင့်ရှိသူနှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ တောင်ပိုင်းညီ နောင်စစ်ကြောင်းထံက သိရပါတယ်။ အောက်ကင်းကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့အမှတ် ၅၅၇ ခြေမြန် တပ်ရင်းမှ တပ်ကြပ်ကြီးစားရေးအဆင့်ရှိတဲ့ ကိုကိုထွေးနဲ့ မြတ်စိုးဦးတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့မှာ တောင်ပိုင်းညီ နောင်စစ်ကြောင်းထံ အလင်းဝင်ခဲ့တာ…

ဒေါက်တာဇော်ဝေစိုး သေဆုံးပြီလို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်နေ

အမှန်/အမှား++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကနေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေး‌သွားမှာပါ။ ဒီကနေ့မှာတော့” NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး စိတ်ဖိစီးမှုများပြီး အဆိပ်သောက်သေတယ်”ဆိုပြီး စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို မှိုင်းဝေ၊…

ကြာအင်းဆိပ်ကြီးအခြေစိုက် တောင်စွန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကြာအင်းဆိပ်ကြီး၊ မေ ၃ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ တောင်စွန်းတပ်စခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ အမှတ် ၂၈၄ ခြေမြန်တပ်ရင်း တပ်စွဲထားတဲ့ တောင်စွန်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မေ ၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ ကနဦးထုတ်ပြန်ချက်တွေအရ သိရပါတယ်။ Lion Battalion Commando…

မလေးရှားအစိုးရဝန်ထမ်းတွေကို လစာ ၁၃ ရာခိုင်နှုန်းကျော် တိုးပေးမယ်

ကွာလာလမ်ပူ၊ မေ ၃ မလေးရှားအစိုးရဝန်ထမ်းတွေကို ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး လစာ ၁၃ရာခိုင်နှုန်းကျော် တိုးပေးသွားမယ်လို့ ဝန်ကြီးချုပ် အန်ဝါအေဗရာဟင်က ကြေညာလိုက်ပါတယ်။ အခုတစ်ကြိမ် အစိုးရဝန်ထမ်းတွေရဲ့ လစာတိုးပေးမှုဟာ အများဆုံးတိုးပေးမှုဖြစ်ပြီး အစိုးရအနေနဲ့ နှစ်စဉ် ဒေါ်လာ ၂ ဒသမ ၀၉ ဘီလီယံ(ရင်းဂစ် ၁၀ဘီလီယံ) ကုန်ကျမှာဖြစ်ကြောင်း မစ္စတာအန်ဝါက ပြောပါတယ်။ မလေးရှားမှာ အစိုးရဝန်ထမ်း…

စစ်အာဏာသိမ်း (၁၁၈၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၆၂) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၃ AAPP ရဲ့ မေ ၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၈၇) ရက်အတွင်း ပြည်သူ (၄၉၆၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၁၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၁၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဆေးမအောင်တဲ့ လူငယ်တွေကိုလည်း စစ်သားစုဆောင်းထားဖို့ စစ်ကောင်စီညွှန်ကြား

မော်လမြိုင် ၊ မေ ၃ နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရာမှာ ဆေးမအောင်တဲ့ လူငယ်တွေကိုလည်း စစ်သားစုဆောင်းထားဖို့ ညွှန်ကြားထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆေးစစ်ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းဖို့ အမြဲမသင့်လျော်သူ ဖြစ် ကြောင်း သတ်မှတ်ထားသူတွေကို စစ်တပ်ထဲဝင်ဖို့ ကင်းလွတ်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပေမယ့် လက်ရှိမှာတော့ ရောဂါအခံရှိသူတွေအပါအဝင် HIV ရောဂါပိုးရှိသူတွေကအစ…