မော်လမြိုင် ၊ မေ ၂၅
ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းနေပေမယ့် ပြည်တွင်းရွှေဈေး ကျပ် ၅၂ သိန်းကျော်အထိ စံချိန်တင် ဈေး နှုန်းထပ်မံမြင့် တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
မေလအစက တစ်ကျပ်သား ကျပ် ၄၇ သိန်းဝန်းကျင်သာ ရှိခဲ့တဲ့ ပြည်တွင်းမီးလင်းခေါက်ရွှေဟာ မေလနောက်ဆုံးအပတ်မှာတော့ ကျပ် ၅၂ သိန်းကျော်အထိ ဈေးနှုန်းဆက်တိုက်မြင့်တက်နေတာပါ။
ပြည်တွင်းရွှေဈေးဟာ ဒေါ်လာဈေနှုန်း ထပ်မံမြင့်တက်လာမှုနဲ့အတူ မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတာကြောင့် ဈေးနှုန်းထိန်းလို့မရတဲ့ အခြေအနေအထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။
ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာကြောင့် ရွှေဆိုင်အများစု အရောင်းအဝယ် ရပ်နားထားကြတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာပေမယ့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မီးလင်းအ ခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ နီးပါး ရည်ညွှန်းဈေး သတ်မှတ်ထားတဲ့အ တွက် ပြည်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ် ၁၂ သိန်းကျော် ကွာဟနေတာပါ။
ကမ္ဘာ့ရွှေဈေးကတော့ မေလပထမအပတ်က တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၄၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပေမယ့် လက်ရှိမှာတော့ ဒေါ်လာ ၂၃၀၀ ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းလာတာ ဖြစ်ပါတယ်။
အမြင့်ဈေးမှာပဲ ရှိနေတဲ့ အမေရိကန်ဒေါ်လာဈေးနှုန်းကတော့ တစ်ဒေါ်လာလျှင် ကျပ် ၄၂၀၀ ကျော်အထိ ဈေးနှုန်းထိုးတက်လာပြီး ဒေါ်လာငွေ ရှားပါးမှုတွေ ဖြစ်ပေါ်နေတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်ရေး လုပ်ငန်းရှင်တွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media