သထုံ၊ မေ ၂၁

မွန်ပြည်နယ် သထုံမြို့နယ် မော်လမြိုင်-ရန်ကုန်ရထားလမ်းပေါ်က တံတားတစ်စင်းဟာ မနေ့ မေ ၂၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ မိုင်းခွဲခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သထုံမြို့နယ် ကလိကျွန်းရွာ နဲ့ ကျွန်းချောင်းရွာကြား ရထားလမ်း တံတားအမှတ် ၇၈ ကို လက်နက် ကိုင်အဖွဲ့ တစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တဲ့အတွက် ရထားသံလမ်း တစ်ပေခွဲခန့် ပြတ်ထွက်ပျက် စီးခဲ့တာပါ။

ရထားလမ်းမိုင်းခွဲခံရတာကြောင့် မေ ၂၁ ရက်နေ့ မနက်ပိုင်းထွက်ခွာမယ့် မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်ခရီးစဉ်တွေ ပြေးဆွဲမှု ရပ်နားထားတယ်လို့ မော်လမြိုင်ဘူတာကြီးထံကနေ သိရပါတယ်။

မိုင်းခွဲခံလိုက်ရတဲ့ ရထားသံလမ်းကို ဒီနေ့ မနက်ပိုင်းမှာပဲ မီးရထားဝန်းထမ်တွေ လာရောက်ပြင်ဆင်နေပြီး စစ်ကောင်စီတပ်ကလည်း လုံခြုံရေးယူပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရထားလမ်းမိုင်းခွဲခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ၊ KNU အပါအဝင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် ပြိုကျပျက်စီးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.