သထုံ ၊ မေ ၂၁
မွန်ပြည်နယ် သထုံခရိုင်ထဲကို အခုလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အခုလ မေ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တွေထဲကို စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ နေ့စဉ်နီးပါး လက်နက်ကြီး ပစ် ခတ်မှုတွေ ကျူးလွန်ခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် ဒေသခံ ၃ ဦး ၊ ကျိုက်ထိုမြို့နယ်က ဒေသခံ ၁ ဦး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် အလုံး ၃၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။
ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုအရ ဘီးလင်းမြို့နယ်က ၁၆ ဦး၊ သထုံမြို့နယ်က ၅ ဦး၊ ကျိုက်ထိုမြို့ နယ်က ၁ ဦး ၊ စုစုပေါင်း ၂၂ ဦး ဖြစ်တယ်လို့ သိရပါတယ်။
အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်မှုကို ဘီးလင်းအခြေ စိုက် အမှတ် ၃၁၄ အမြောက်၊ အမှတ် ၈ ခြေလျင်တပ်ရင်းနဲ့ သထုံအခြေစိုက် အမှတ် ၉ ခြေမြန်တပ်ရင်းတို့ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေါက်ရပ်၊ အဝန်းကြီး၊ ရွှေရောင်ပြ၊ ဇီးဝန်း၊ ပန်းအောင်ကုန်း၊ မရမ်းကုန်းအပါအဝင် ကျေးရွာ ၇ ရွာက ဒေသခံပြည်သူ ၄၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်နက်ကြီး ပစ်ခတ်ခံရတဲ့ ကျေးရွာတွေဟာ ကရင်အမျိူးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေက ကျေးရွာတွေ ဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU